2

1.7K 345 36
                                    

| Unicode |

ခြံထဲကပန်းပင်လေးတွေက မိုးစိုထားတာကြောင့် အရင်ကထက် ပိုပြီးစိမ်းလန်းနေတယ်။ အုံ့မှိုင်းမှိုင်းကောင်းကင်ကတော့ ဒီနေ့ရာသီဥတုမသာယာနိုင်ကြောင်း ဖော်ပြလျက်သား။

ဒီလိုမိုးအုံတဲ့နေ့မျိုးဆို ကျောင်းမသွားဘဲ အိပ်ယာထဲမှာသာ ကွေးနေလိုက်ချင်တော့တာပဲ။ အိမ်ရှေ့မှာလက်ပိုက်ပြီးရပ်စောင့်နေတဲ့ ဟန်ဂျီယောင်းသာမဟုတ်ရင်ပေါ့။

ဒီမယ်မင်းကြီးမနဲ့ အိမ်နီးချင်းဖြစ်နေရလို့ ကျောင်းပြေးလို့တောင်မရဘူး။

ထီးတစ်ချောင်းဆွဲယူကာ ခြံတံခါးကိုဆွဲဖွင့်လိုက်တာနဲ့ ဂျီယောင်းရဲ့ဗြစ်တောက်ဗြစ်တောက်အသံကို ကြားရတယ်။

"နင်ဘာတွေပြင်နေလို့ အဲ့လောက်ကြာနေရတာလဲ"

"အခုငါထွက်လာပြီမလား သွားမယ်"

"နေဦး"

"ဘာရစ်ဦးမလို့လဲ ဂျီယောင်းရာ"

Jimin တစ်ကိုယ်လုံးကို စူးစိုက်ကြည့်လာတဲ့ ဟန်ဂျီယောင်းကြောင့် ကိုယ့်ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ ဖတ်ခနဲအုပ်လိုက်မိတယ်။

"နင် နင် ဘာတွေ လာ လာကြည့်နေတာလဲ"

ပြောလို့မရဘူး။ ဟန်ဂျီယောင်းက မိန်းကလေးတန်မဲ့ နှာဘူးထချက်ကလက်လန်တယ်လေ။

"သွား အိမ်ထဲပြန်ဝင်ပြီး အနွေးထည်သွားဝတ်
ရာသီဥတုက ဒီလောက်ချမ်းစိမ့်စိမ့်ဖြစ်နေတာကို အနွေးထည်မပါဘာမပါနဲ့"

စကားဆုံးတာနဲ့ ခြံထဲတွန်းပို့ခြင်းခံလိုက်ရတယ်။

"နင်ဖျားရင် ငါပဲအလုပ်ရှုပ်မှာ ငါ့မောင်! မြန်မြန်သွားဝတ်"

ဟန်ဂျီယောင်းက သူ့ထက် ၆ လလောက်လေးအသက်ပိုကြီးတာကို သိပ်ဆရာကြီးလုပ်တာပဲ။

အထွန့်တက်လို့လည်း မနိုင်မှန်းသိနေတာမို့ အိမ်ထဲကိုသာခေါင်းကုတ်ရင်း ပြန်ဝင်လာရတယ်။ ဒါတောင် အိမ်ရှေ့ကနေ လှမ်းအော်လိုက်သေး "စက်ဘီးထုတ်ခဲ့ ဒီနေ့စက်ဘီးနဲ့သွားမယ်" တဲ့။

Park Jimin တို့ကတော့ ဝဋ်ပဲဟေ့!

ချယ်ရီတွေမပွင့်သေးတဲ့လမ်းလေးထက် အဖြူရောင်စက်ဘီးလေးတစ်စီးက ပုံမှန်အရှိန်နဲ့ပြေးလို့နေတယ်။ နားဖျားလေးကိုကျီစယ်သွားတဲ့ လေအေးလေးရယ် မြေသင်းနံ့သင်းသင်းရယ်က Jimin ကို စိတ်ကြည်စေတဲ့အကြောင်းပြချက်တစ်ခုဖြစ်နေတာကြောင့် စက်ဘီးနောက်ခုံမှာထိုင်နေတဲ့ ဂျီယောင်းပြောသမျှနားထောင်ရင်း အလိုက်သင့်လေးပြန်ပြောနေမိတယ်။

Confession of Love | KOOKMIN |Where stories live. Discover now