💝Play Boy💝"ကိုကို"
"ကိုကို"
လာပါပြီ စောစောစီးစီး လူအရင်မမြင်ရ ငှက်ဆိုးထိုးသံကို အရင်ကြားရပြီ။
ဒီကောင်လေးက ဘယ်တော့မဆို အိမ်ထဲမရောက်ခင်က နာမည်အော်ခေါ်လာတာ။"ကိုကို"
"အခန်းထဲရှိနေတာကို ခေါ်တာကြားရဲ့သားနဲ့ ဆင်းမလာဘူး"
ပိုင် ဆင်းမလာလို့ ဒီကောင်လေး အခန်းထဲအထိလိုက်လာတာပါ။
သူ့အမြင်ကပ်လို့ ထွက်မတွေ့တာကို အခန်းထဲထိ အလိုက်ကမ်းဆိုးမသိဝင်လာသေးသည်။
ဘယ်လို ကောင်လေးမှန်းမသိ။"ကိုကို…လို့"
"ဘာတုန်း မြင်ရဲ့သားနဲ့ခေါ်မနေနဲ့ ပြောစရာရှိတာပြော ငါမအားဘူး"
"မအားရင် ဘယ်သွားမလို့လဲ"
"ဆိုင်သွားမလို့ပေါ့"
"အင်းပါ အခုတိုင်ပင်စရာရှိလို့"
"ဘာလဲ"
"ဒီမှာ ဒါကျနော်အခုလိုက်မဲ့ ကောင်မလေး
တက်သစ်စမော်ဒယ်"သူပြတဲ့ ပုံကို ပိုင် ယူကြည့်လိုက်သည်။
ဒီကောင်မလေးကို ပိုင် သိတာပေါ့။
ပိုင့်စီမှာ အဝတ်စားတွေလာအပ်နေကျ။
ပိုင် ကဖက်ရှင်ဒီဇိုင်နာမို့ အနုပညာလောကသားတွေနဲ့ ရင်းနီးကျွမ်းဝင်သည်။
အဲ့ဒါကြောင့် အားလုံးကို ပိုင် သိနေတာ။"သိတယ်လေ ဘာဖြစ်လို့လဲ"
"ကျနော်သူ့ကို လိုက်ရမလား"
"အံ့"
"ပြော"
အံ့ ဆိုတာသူ့နာမည်။
အပြည့်အစုံက 'အံ့ဖွယ်ပိုင်စိုး'။"မင်းကျောင်းစာကို နည်းနည်းအာရုံစိုက်ပါလားအချိန်ပြည့် ရည်းစားထားဖို့ပဲ တွေးနေမှာလား"
"တော်ပြီကိုကိုရာ အမြဲဆုံးမစကားတွေပဲ နားထောင်ရတာ ကျနော်ရိုးနေပြီ ကိုကိုကကျနော့်ထက် 2နှစ်ပဲကြီးတာနော် သိပ်ပြီးဆရာမလုပ်နဲ့"
"ဆရာလုပ်တာမဟုတ်ဘူး အံ့
ကိုကိုမင်းကိုစေတနာနဲ့ပြောတာ မင်းကျောင်းပြီးဖို့လဲ 2နှစ်ပဲကျန်တော့တာ ဒီကြားထဲစာမေးပွဲကျမှာစိုးလို့ ကိုကိုကပြောတာ ရည်းစားဆိုတာ နောက်ဘယ်အချိန်ထားထားရနေတာပဲ"
