💝Play Boy💝"ဖေဖေနဲ့မေမေ ဒီနေ့သားကိုယ်တိုင်ကားမောင်းသွားလိုက်တော့မယ်"
"လိုက်မပို့ခိုင်းတော့ဘူးလားသား"
"ဟုတ်မေမေ ခြံထဲမှာ မြက်တွေရှိနေလို့ ဦးလေးကြီးရှင်းချိန်ရအောင်လို့ပါ"
"အော် ဒါဆိုလဲ ဂရုစိုက်မောင်း"
"ဟုတ်မေမေ"
မနက်စာစားနေရင်းကားယူသွားမည့်အကြောင်း မိဘတွေကိုပြောလိုက်သည်။
ခြံထဲမှာ မြက်တွေရှိတာကြောင့်မဟုတ်။
အကြောင်းသော်ကား အံ့ကိုကျောင်းလိုက်ပို့ပေးဖို့ဖြစ်သည်။
မနေ့ညကသူ့ကား clubမှာမို့ ဒီနေ့ကျောင်းသွားဖို့
ခြံပြင်မှာစောင့်နေမှာသေချာသည်။
အဲ့ဒါကြောင့် ပိုင် ကိုယ်တိုင်ကားယူသွားဖို့ ဆုံးဖြတ်လိုက်ရတာပါ။ မဟုတ်ရင် အံ့ ကျောင်းသွားဖြစ်မှာမဟုတ်။
မနက်စာစားပြီး လိုတာတွေကားပေါ်တင်ကာ မောင်းထွက်လာခဲ့သည်။
ခြံပြင်တွင် ပြုံးဖြဲဖြဲမျက်နှာနှင့်စောင့်နေသူကအံ့။
ဗေဒင်မေးရင် ဆန်ကုန်အုံးမည်။ပိုင်မှန်းရင် အကုန်မှန်တက်သည်။"ကိုကို ကျနော့်ကိုကျောင်းလိုက်ပို့"
"တက်"
"ဆင်း"
"ဟင် ဘာလို့လဲ"
"ကျနော်မောင်းမယ် ကိုကို မောင်းတဲ့ကားကို ကျနော်မစီးချင်ဘူး"
"ကြီးကျယ်ပြန်ပြီ"
"လာပါဆင်း တော်ကြာ အန်တီတို့ထွက်လာလိမ့်မယ်"
ပိုင်လဲကားပေါ်ကဆင်းကာ နေရာလဲပေးလိုက်ရသည်။"ကားသွားမယူတော့ဘူးလား"
"အင်း နေ့လည်မှသွားယူလိုက်တော့မယ်"
အံ့ကစကားပြောရင်း ကားမှာပါတဲ့Radioကိုဖွင့်လိုက်သည်။
FMကလာနေတဲ့ သီချင်းက အေသင်ချို ဆွေဆိုထားတဲ့ Play Boy။
ပိုင်စိတ်ထဲကျိတ်ရယ်နေမိသည်။
အံ့နဲ့မှတိုက်တိုက်ဆိုင်ဆိုင်။
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်ပြီးသွားသည်။"အံ့ ကျောင်းအပြင်မှာပဲ ကားရပ်လိုက်
ကိုကိုအထဲအထိလိုက်မပို့တော့ဘူး""ဘာလို့လဲ"
"အော် တော်ကြာမင်းတို့ကျောင်းကကောင်မလေးတွေ ငါကိုဝိုင်းငမ်းမှာစိုးလို့"