ep.8

3.5K 326 13
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၈)

အိပ်ယာထဲရောက်နေတဲ့ ဝမ်ပေါက်စက မအိပ်သေးပဲ တလူးလူးတလှိမ့်လှိမ့်နဲ့ ဒီကြားထဲဖုန်းပါ ထပြောသေးတာ။ အိပ်စေချင်နေပါပြီဆို ကြည့်မရတော့ဘူး ။ဘာတဲ့ အတို့သမီးအရံက မချောရင်မလုပ်ဖူးဆိုပဲ...ဘာလားပဲ။ စိတ်ကလေးရှည်ရှည်ဆွဲဆန့်ပြီး သူဖုန်းပြောပြီးအောင် စောင့်နေလိုက်တယ်။

"ပေါက်စ မင်းခုနဖုန်းပြောနေတဲ့ထဲက အရံဆိုတာဘာလဲ''

ဖြတ်ကနဲ ရှောင်ကျန့်ဘက်လှည့်လာပြီး မျက်လုံးပြူးကြည့်တယ်။.

"ဟ ဦးက ရိပေါ်ဖုန်းပြောနေတာ ခိုးနားထောင်တယ်ပေါ့ လူကြီးဖြစ်ပြီး မကောင်းပါဘူး''

"ခိုးနားထောင်စရာလား တအိပ်ယာထဲအိပ်နေပြီးတော့ မကြားချင်လည်းကြားနေရတာကို မေးတာဖြေစမ်းပါ''

ရိပေါ်က အနားတိုးလာပြီး ရှောင်ကျန့်လက်မောင်းပေါ် ခေါင်းအုံးလိုက်ပြီး လက်ချောင်းလေးတွေကတော့ ရှောင်ကျန့်ရင်ဘတ်ပေါ် တတောက်တောက်နဲ့ ပြေးလွှားနေတယ်။သူ့ရင်ဘတ်က ဝမ်ပေါက်စတွက်ဆော့စရာကြီးလားကြလို့။

"ဦးကဘာသိချင်လို့လဲ ရိပေါ်သတို့သားအရံလုပ်မယ်ပြောတဲ့ဟာလား''

"ဘယ်လို သတို့သားအရံလုပ်မလို့ ဟုတ်လား ''

ခုမှပြန်စဥ်းစားမိတယ် မနက်တည်းက ဟွိုက်ဆန်းမဂ်လာဆောင်ကို အတူသွားမယ်ပြောထားတာပဲ။

"ပေါက်စ အရံလုပ်မယ်ဆိုတော့ ကောင်မလေးနဲ့တွဲရမှာပေါ့ မလုပ်ရဘူး''

ရှောင်ကျန့်စကားအဆုံး လက်မောင်းကိုခေါင်းအုံးနေတဲ့ ရိပေါိက ဆတ်ခနဲထထိုင်တယ်။ မကျေနပ်ကြည့်တွေနဲ့ ရှောင်ကျန့်ကို ကြညိ့နေရင်းပေါ့။

"ဦးကဘာလား ဘာဖြစ်တာလဲ ကောင်မလေးကချောပါတယ် မပူနဲ့ ကျောင်းပေါင်းစုံ queenလေ မဟုတ်ရင် ရိပေါ်ကတွဲပါ့မလား''

ပိုဆိုးတာပေါ့ ငအလေးရယ်။လည်လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး။

"နေအုံး နေအုံး ဦးသဝန်တိုနေတာလား ရိပေါ်က ဦးရည်းစားလဲမဟုတ်ပဲနဲ့ ဟားးးး ဟားးး ''

ဝမ်ချိုချိုလေးWhere stories live. Discover now