ep.12

3.3K 309 14
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၁၂)

ပညာရှိသုခမိန်ကြီးတပါးလို စဥ်းစားခန်းဝင်နေတဲ့ရိပေါ်ကို စစ်ကျွေးနဲ့ဝမ်နင်က ဘေးကထိုင်စောင့်ကြည့်နေတယ် ။ပညာရှိကြီးဆီက အဆိုအမိန့်နှုတ်ဟလာမည့်အချိန်ကိုစောင့်နေတာ ကြာလာပြီ ကြာတာတော့ တော်တော့်ကိုကြာနေပြီ ။ သုခမိန်ကြီးနှုတ်ဟမည့်အချိန်ကိုမစောင့်နိုင်တော့လို့ မေးယူရတဲ့အဖြစ်။

"ဟေ့ကောင် ရိပေါ် စဥ်းစားလို့ရပြီလား''

"ဘာကိုလဲ''

"မင်းကဘာစဥ်းစားနေတာလဲ''

"ဘာမှမစဥ်းစားဘူးလေ ဦးကချစ်စရာကောင်းတဲ့အကြောင်းတွေးနေတာ''

ဘေးကနှစ်ကောင်ဆီက လက်သီးချက်တွေရိပေါ်ကိုယ်ပေါ် ကျရောက်လာတယ်။

"ဘာလားဟ ငါ့ကိုဘာလို့ဝိုင်းရိုက်နေတာလဲ''

"ဘာရမလဲ ကျောင်းပိတ်ပြီလေ တို့တွေအရင်လိုနေ့တိုင်းဆုံလို့ရအောင် ဘာလုပ်ကြမလဲ ဘာအစီစဥ်ရှိလဲမေးနေတာလေ''

"အော်...ဒါလား''

ပြောလည်းပြော မေးအောက်ကမရှိတဲ့အမွှေးကိုလည်း သ နေသေးတယ်။ပညာရှိအဖိုးကြီးတွေရဲ့ မုတ်ဆိတ်မွှေးဖြူဖြူရှည်ရှည်ကြီးကို သပ်ချနေသလို ဟန်အမူအရာကြောင့် သူငယ်ချင်းတွေရဲ့ လက်သီးချက်တွေနောက်တကြိမ် ရိပေါ်ကိုယ်ပေါ်ရောက်လာပြန်တယ်။

"တော်ပြီ တော်ပြီ မရိုက်နဲ့တော့ အတည်ပြောမလို့ ငါကတော့ဦးcompanyမှာ ဝင်လုပ်မယ် မင်းတို့လည်း ငါနဲ့မခွဲနိုင်ရင်လာလုပ်ကြ''

"မင်းဦးကိုပိုင်လို့လား ငါတို့ကိုခေါ်ချင်ပါ့မလား အောက်ခြေတော့မလုပ်နိုင်ဘူးနော်  မင်းလည်းသိတယ်''

ရိပေါ်ကသူ့ဦးကို ပိုင်တာတော့တကယ်ပိုင်တာပါ သူတို့သုံးယောက်လုံးအလုပ်တူတူလုပ်ရတယ်။ သူ့တို့လုပ်ပိုင်ခွင့်ရာထူးတွေက တကယ်ရှိလား မရှိတာလားတော့မသိ အောက်ခြေမဟုတ်တာတော့သေချာပါတယ်။ ငယ်ငယ်တည်းကဘာအလုပ်မှမလုပ်ဘူးတဲ့ သူဌေးသားသုံးယောက်ရဲ့ လုပ်ငန်းခွင် ပမထနေ့ကကြိုဆိုပုံလေးကသင်းတယ်။

ဝမ်ချိုချိုလေးWhere stories live. Discover now