ep.19

2.9K 273 35
                                    

Unicode

(အပိုင်း.၁၉)

ဒူ ဒူ ...ချပ်...ဂွမ်း....

"အမလေး''

ရှောင်ကျန့်အိမ်ကထွက်ထွက်ခြင်း ကြားလိုက်ရတဲ့အသံကြောင့် လန့်သွားပေမယ့် ဟန်ကိုဖို့လို့ထွက်လာလိုက်တယ်။ ထိုအသံပေါင်းစုံနဲ့ကားကလည်း သူ့နောက်မှာပါလာတာကို  သတိပြုမိတယ်။
သတိမထားမိချင်မှလည်းနေရောလေ သံစုံတီးဝိုင်းလို အသံပေါင်းစုံကနားထဲ ဆူညံနေတာ သတိမထားမိတဲ့သူက နားကန်းနေလို့ပေါ့။

ဒူ.. ဒူ ...ချပ်...ဂွမ်း....
.
ထိုကားသူ့ကားနောက်ပါလာတာကို သူရှက်လည်းရှက်တယ် ကွာသွားအောင်မြန်မြန်မောင်းလည်းမရပါလာတာပဲ ကျော်တက်လို့ရအောင်နှေးပေးလည်း ကျော်မတက်ပဲ သူ့ကားနားကပ်တီးနေသလိုပဲ။ကြည့်လိုက်တော့လည်း ထိုထဲကဘယ်တစ်ယောက်မှ မသိ မြင်ဖူးတာလည်းမပါ ။

နောက်တော့မှ ထိုကားကသူ့နောက်လိုက်နေမှန်းရိပ်မိတော့တယ်။companyရှေ့ရောက်ထိပါလာတုန်း ကားပါကင်ကနေ လမ်းလျှောက်ဝင်လာတော့လည်း နောက်ကဗုံတွေ ရကွင်းတွေသယ်ပြီးလိုက်လာကြတယ်။ဘေးလူတွေပါ ကွက်ကြည့်ကွက်ကြည့်လုပ်ကုန်ပြီ။

ဒုံး...ဒုံး..ခပှ...ဂှမှးးးးးးးး

နေဦး...တရခံကိုငါသိသလိုပဲ။

""ဝမ်ရိပေါ် .....''''

အော်ထုတ်လာတဲ့အသံကြောင့် ဖုန်းကိုနားနားက အမြန်ခွာလိုက်ရတယ် ပြီးမှအသံကို အချိုဆုံးအနေထား ထားလို့...

"ဦး ဘာလို့ဖုန်းဆက်တာလဲ အကြောင်းရှိလို့လား''

"မင်း...မင်း...ဒါမင်းလက်ချက်မဟုတ်လား''

ဂှမှးးးးးးးးး

အောင်မငေး ဖုန်းပါလွတ်ကျတယ်။ သူ့စကားလုံးတိုင်းကို စည်းဝါးလိုက်ပေးနေတာ။. အားးးးးး.... သည်းမခံနိုင်တော့ဘူး။

"ဝမ်ရိပေါ် မင်းဟာတွေကို ရပ်ခိုင်းစမ်း.မရပ်လို့ကတော့ မင်းနဲ့ငါ ဒီမှာတင်လမ်းဆုံးပြီ''

"ဦးက စိတ်ဆိုးမှမပြေတာ ရပ်ဖူး ရပ်ဖူး ဦးစိတ်ဆိုးပြေပြီဆိုမှ ရပ်မယ်''

"မင်းကိုဘယ်သူကစိတ်ဆိုးနေတုန်းလို့ပြောလဲ စိတ်ဆိုးပြေတဲ့သူက ငါပြေနေပါပြီဆိုပြီးလာပြောနေရမှာလား''

ဝမ်ချိုချိုလေးWhere stories live. Discover now