Unicode
ဝမ်ချိုချိုလေး
(အပိုင်း.၁၄)အားလုံးထွက်သွားကြတော့ နေရာမှာရပ်ကျန်ခဲ့တဲ့ ရှောင်ကျန့်က ဓာတ်လှေကားထဲကို ပုံမှမဟုတ်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်ဝင်လာခဲ့တယ်။အထဲရောက်တော့လည်း ဘေးနံရံကိုအားပြုမှီရင်း အသက်မဲ့သူလို ခံစားချက်တွေကင်းမဲ့လျက် ရှေ့တူရှူကို အကြောင်သား ငေးမောရင်းသာ။
သုံးရက်လုံးလုံးရုံးခန်းထဲမှာနေ ရုံးခန်းမှာပဲစားပြီး တခုခုကိုအသဲအသန်စုံစမ်းရှာဖွေနေခဲ့တယ်။သုံးရက်မြောက်မနက်ရောက်တော့...
"မေ...မုရန်ကိုသွားခေါ်ခဲ့''
အတွင်းရေးမှူးကျူးမေ ထွက်သွားတော့ ရောက်လာရင် ဘယ်ကစပြောရမလဲစိတ်လှုပ်ရှားစွာ ကိုယ့်စိတ်ကိုယ်ပြင်ဆင်နေမိတယ်။ တကယ်ရောက်လာတော့ တွေးထားတာတွေလဲ ဘယ်ရောက်သွားမှန်းမသိ ဒေါသတို့သာ ဖြစ်ပေါ်ရပြန်တယ်။
"ပြီးခဲ့တဲ့ 18ရက် သောကြာနေ့တုန်းက မင်းနဲ့ဝမ်ချောင်နဲ့ စာရွက်စာတန်းအပေးယူလုပ်တယ် ပြီးတော့ ဝမ်ရိပေါ်ဆီရောက်သွားတယ် အဲ့အကြောင်းလေး အကျယ်တဝင့်ပြောမပြချင်ဘူးလား''
သူ့ရှေ့မှာခေါင်းငုံ့ ရပ်နေတဲ့ မုရန်က ခေါင်းပို့ငုံ့သွားတယ်။လက်ချောင်းလေးတွေအချင်းချင်း ဆုတ်နယ်ဖြစ်ညှစ်ရင်း တုန်ရင်နေမှုကိူဖြေဖျောက်နေတယ် ထို့နောက် တဆတ်ဆတ်တုန်လာပြန်တယ်။
ဗုန်း...
စားပွဲမျက်နှာပြငိကို အားပါပါရိုက်သံအဆုံးမှာ ငိုရှိုက်သံတဝက်နဲ့ တုန်ရင်နေတဲ့အသံစကြားလာရတယ်။
"ဟို ဟို ကျမမှားသွားပါတယ် boss''
"ငါကြားချင်တာ တောင်းပန်သံမဟုတ်ဘူး ဖြစ်စဥ်အစအဆုံးကိုသိချင်တာ ငြင်းမယ်တော့မကြံနဲ့ cctvတွေက အလကားတပ်ထားတာမဟုတ်ဘူး''
မိန်းမလှလေး မုရန်မျက်နှာပေါ်က အားငယိဝမ်းနည်းမှုတွေကိုလည်း ခုချိန်မှာသနားစရာလို့ကိုမမြင် စကားကြာကြာထစ်နေရင် ကိူင်လှုပ်မိသွားမလားမသိနိုင်အောင် ဒေါသတို့ဆူဖြိုးနေပြီ။
"ဝမ်ချောင်က မုရန်ကိုခိုင်းတာပါ... ကုန်အမှာစာတွေbossအစားလက်မှတ်ထိူးပေးဖို့ ဝမ်ရိပေါ်ကို သွားပြောရတာပါ bossအရမ်းပင်ပန်းနေလို့ ကူညီဖို့ဆိုပြီး ပြောခဲ့တာပါ ...မုရန်...မုရန်လည်းအသုံးချခံလိုက်ရတာပါ သူတကယ်ချစ်တယ်ထင်လို့ ခနအသုံးချယုံသက်သက် ဟင့်...အဟင့်''