{Zawgyi}
"မပြောင်းဘူး..."
"ပြောင်းမယ်..."
"ဟျောင့်မပြောင်းဘူးလို့ငါပြောနေတယ်နော်..."
"ဝမ်ရိပေါ်...ငါကလည်းပြောင်းမယ်လို့ပြောနေတယ်နော်..."
ပြောင်းမယ်...မပြောင်းဘူးငြင်းခုံနေသောရိပေါ်နဲ့ကျိုးချန်ကြားရှောင်းကျန့်နဲ့ယွီပင်းမှာဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့ဗျာများနေရသည်။
ရှောင်းကျန့်မှာလည်းဝင်မထိန်းရဲ...ရှောင်းကျန့်ဝင်ထိန်းလို့ဝင်ရှုပ်ရကောင်းလားဆိုပြီးရိပေါ်စိတ်ဆိုးရင်ခက်ချေမည်။
ဟိုတစ်ခါသူ့ကိုအော်မိတုန်းကသုံးရက်လောက်ချော့ယူရသည်။ရိပေါ်ကြိုက်တဲ့မုန့်တွေပြေးဝယ်ရ..romaticဆန်ဆန်ပန်းတွေဝယ်ပြီးသူများကတစ်ဆင့်ပေးခိုင်းပြီးချော့ရနဲ့ရှောင်းကျန့်တော်တော်ဒုက္ခများခဲ့ရသည်မလား....
ပန်းပေးပြီးချော့တုန်းကဆို'ငါကမိန်းကလေးမို့စီနီယာကပန်းပေးတာလား'ဆိုပြီးပန်းစည်းကြီးယူလာပြီးရန်လုပ်သေးသည်။စိတ်ဆိုးပြေရန်တော်တော်ချော့ယူခဲ့ရတာမလို့နောက်တစ်ခါစိတ်ဆိုးမှာတောင်တော်တော်ကြောက်နေရသည်။
ထို့ကြောင့်ရှေ့ကဘာမဟုတ်တဲ့ရန်ပွဲကိုဝင်မတားရဲ...ဒီတိုင်းဆက်ငြင်းခိုင်းဖို့လည်းအဆင်မပြေတာမို့ကျိုးချန်ကိုနိုင်တဲ့ယွီပင်းကိုပဲတားဖို့လက်တို့ပြီးမျက်စပစ်ပြရသည်။
"မပြောင်းဘူးကွာ.."
"ပြောင်းမယ်ဆို..."
"အား...!!!တော်ကြတော့ကွာ..ကျိုးချန်ဘယ်လိုဖြစ်လို့ငြင်းနေရတာလဲရိပေါ်ကမပြောင်းချင်ရင်မပြောင်းနဲ့လေ"
"ကောကလည်း...ကျွန်တော်ကကောနဲ့အတူနေချင်တာကို"
ကျိုးချန်ပြောတာလည်းဟုတ်သည်။ရှောင်းကျန့်လည်းရိပေါ်နဲ့အတူနေချင်သည်။ဘာလို့ရိပေါ်ကမပြောင်းချင်တာလည်းစဉ်းစားလို့မရပေ...
အစကအခန်းပြောင်းဖို့တိုင်ပင်နေတာအကောင်းပင်ပြီးမှရိပေါ်ကဘာထဖြစ်သည်မသိမပြောင်းဘူးဟုငြင်းဆန်လေတော့ကျိုးချန်နဲ့ငြင်းခုံခြင်းစတင်တော့သည်။
YOU ARE READING
Senior & Junior||Season 1||
FanfictionBoth Zawgyi & Unicode Season~2➡Marriage Life♡ ♡ "တကယ်တော့ခင်ဗျားကယုန်ယောင်ဆောင်ထားတဲ့ကျားပဲ" #Wang Yibo "တကယ်တော့ခင်ဗျားကယုန်ယောင်ဆောင်ထားတဲ့ကျားပဲ" #Wang Yibo Fic Cover By ETE...