Part-24

3.1K 392 23
                                    

{Zawgyi}

"ရိပေါ်..အဆိုးလေးကွာအစ်ကို့ကိုအခုလိုပဲဆိုးနေတော့မှာလားဟင်မနက်ဖြန်ဆိုနောက်ဆုံးဘာသာလေအာ့ကြောင့်ခနလောက်အားစိုက်လိုက်ပာအုံး..အစ်ကို့ရဲ့အဆိုးလေးကလိမ္မာပါတယ်"

"ငါကအဆိုးလေးပါဆိုလိမ္မာပါ့မလားစဉ်းစားလေ.."

ကိုယ့်စကားနဲ့ကိုယ်ပိတ်မိသွားသောရှောင်းကျန့်ဟာရှေ့ဆက်ဘာပြောရမှန်းမသိတော့....

အချိန်တွေကြာလာတာနဲ့အမျှရိပေါ်လေးကရှောင်းကျန့်အပေါ်ဆိုးချင်သလိုဆိုးပေချင်သလိုပေလာလေသည်။

မိဘတွေနဲ့တွေ့ဆုံပြီးချိန်ကစလို့နှစ်ဖက်မိသားစုနှစ်ခုလုံးရဲ့အချစ်ခံလေးဖြစ်လာခဲ့သည်ကတော့ထွေထွေထူးထူးပြောစရာမလိုအောင်ရိပေါ်ကအချစ်ခံလူသားလေးပေမို့...

ခက်သည်ကနှစ်ဖက်အိမ်ရဲ့သည်းသည်းလှုပ်ချစ်ခြင်းကိုခံရသောရိပေါ်လေးဟာရှောင်းကျန့်ကိုအကြပ်ကိုင်ပြီးဆိုးချင်သလိုဆိုးတော့သည်။

ဒီဟာမှမလုပ်ပေးရင်သူ့ကိုကိုနဲ့တိုင်မယ်တို့..ဟိုဟာလုပ်ခွင့်မပေးရင်မမေကိုအစ်ကိုကအနိုင်ကျင့်ပါတယ်ဆိုပြီးဖုန်းဆက်မယ်တို့...ဒီကိစ္စမလိုက်လျောရင်အစ်ကို့မားနဲ့တိုင်မယ်တို့နဲ့ရှောင်းကျန့်ကိုအတင်းခြိမ်းခြောက်သည်။

သူလုပ်ချင်ရာကိုရှောင်းကျန့်ခွင့်မပြုလိုက်ရင်ရှိသမျှလူအကုန်ပတ်တိုင်တတ်သောကြောင့်နောက်ဆုံးအဆူခံရတာရှောင်းကျန့်သာ...

အနေအေးတဲ့ရှောင်ပါးကတောင်"ကလေးကိုစိတ်ဆင်းရဲအောင်လုပ်ရင်မင်းကိုအမွေဖြတ်စွန့်လွှတ်ပစ်မယ်"လို့ပါရာဇသံပေးလေသည်။

ဒီကြားထဲရှောင်းကျန့်အကြောက်ရဆုံးကဟိုက်ခွမ်းကောရဲ့အကြည့်တစ်ချက်ပင်...

သူ့ညီမျက်ရည်ကျတာနဲ့ရှောင်းကျန့်လက်ထဲကပြန်သိမ်းမည်ဟုတရားဝင်ကြေငြာထားသောကြောင့်ရှောင်းကျန့်မလှုပ်ရဲ...

ဒါကိုဒီကလေးကလည်းရှောင်းကျန့်ကိုတအားအခက်တွေ့အောင်လုပ်တတ်သည်။

ပုံမှန်ဆိုဒီကလေးတောင်းဆိုရင်ရှောင်းကျန့်ကလိုက်လျောနေကြပင်မဲ့တစ်ခါတစ်ခါသူတောင်းဆိုတတ်သည်ကရှောင်းကျန့်အတွက်သွေးတက်စရာတွေပင်....

Senior & Junior||Season 1||Where stories live. Discover now