Part-21

3.7K 428 22
                                    

{Zawgyi}

မနက်နိုးတာနဲ့မျက်လုံးဖွင့်လိုက်တော့သာယာဖွယ်မြင်ကွင်းကကြိုဆိုနေသည်။

ရင်ခွင်ထဲမှာမျက်နှာပင်မမြင်ရအောင်မြုပ်နေသောခေါင်းလုံးလုံးလေးကရှောင်းကျန့်မနက်ခင်းကိုပြည့်စုံစေသည်။

နေ့ရက်တိုင်းဒီလိုမျိုးနိုးထရရင်ရှောင်းကျန့်အတွက်ဘာမှလိုတော့မည်မထင်...

ဖြစ်နိုင်ရင်ရိပေါ်ဆိုသောလူသားကိုရှောင်းကျန့်တရားဝင်ပိုင်ဆိုင်ချင်နေပြီ။

ရှောင်းကျန့်မိဘတွေဘက်ကသိပြီးလက်ခံပြီးဖြစ်ပင်မဲ့ရိပေါ်တို့ဘက်ကမသိသေးသောကြောင့်တရားဝင်ပိုင်ဆိုင်ခွင့်မရသေးသလိုသဘောမတူမှာလည်းစိုးရပြန်သည်။

အဓိကကတော့ရိပေါ်လေးရဲ့အစ်ကိုဟိုက်ခွမ်းဆိုသူပင်...

အရမ်းမရင်းနှီးတောင်တွေ့ဆုံမှုအနည်းငယ်လေးမှာပင်ရိပေါ်အပေါ်ထားသောအစ်ကိုဟိုက်ခွမ်းရဲ့အထိမခံနိုင်အောင်မြတ်နိုးတန်ဖိုးထားမှုတွေကိုမြင်နေရသည်မလား။

ရိပေါ်လေးကလည်းသူ့အစ်ကိုရဲ့သဝန်တိုမှုအဖျာဖျာကိုပြောပြထားသောကြောင့်အနည်းငယ်စိုးရိမ်မိသည်။

ရိပေါ်ကိုယ်တိုင်တောင်သူ့အစ်ကိုအကြောင်းသိလို့သူတို့နှစ်ယောက်ကိစ္စကိုမပြောပြတာမလား...

သူတို့နှစ်ယောက်ကိုလက်ခံဖို့မျှော်လင့်ရတာပါပဲ...

လက်မခံလဲဘာအရေးလဲအဆိုးလေးကိုခိုးပြေးရုံပေါ့...

တဖြည်းဖြည်းနဲ့သူများမိသားစုရဲ့သားရတနာလေးကိုခိုးပြေးဖို့ကြံနေတဲ့ရှောင်းကျန့်သည်လည်းအရင်လိုရိုးသားကြိုးစားတဲ့ဖိုးသခွားလေးမဟုတ်တော့ပေ...

အဆိုးလေးကိုချစ်မိပြီးမှအရှက်ကြီးတဲ့ရှောင်းကျန့်ကနေအရှက်မရှိတဲ့ရှောင်းကျန့်ဖြစ်သွားလေပြီ။

ရိုးသားကြိုးစားဖိုးသခွားလေးဘဝကနေလူယုတ်မာလေးလုံးလုံးတောင်ဖြစ်တော့မတတ်...

အရင်ကရိုးသားကြိုးစားပြီးအရှက်အကြောက်ကြီးတဲ့ရှောင်းကျန့်ကိုအခုပြောင်းလဲသွားတဲ့လူယုတ်မာလေးရှောင်းကျန့်ကအမျှဝေပြီးတာတာ့ပြလိုက်ပါပြီ...

Senior & Junior||Season 1||Where stories live. Discover now