17

8.1K 905 25
                                    

ဦး 💜

Chapter - 17

ရှောင်းကျန့် အလုပ်လုပ်နေတာကို ထိုင်ကြည့်နေတဲ့ ကျန်းချန် ...။ရှောင်းကျန့် က အေးဆေးဆေး အလုပ်လုပ်နေပုံက သူဘာမှ မလုပ်ထားသလို...။

ဟိုးလွန်ခဲ့တဲ့ နှစ်များစီက ကျန်းချန် သည် မှားယွင်းတဲ့ ရင်ခုန်နှုန်းတွေနဲ့ ငယ်သူငယ်ချင်းလေး ရှောင်းကျန့်ကို ချစ်ခဲ့မိသွားတယ်..။ ဒါပေမယ့် အဖြောင့်တိုင်းလေး ရှိနေတဲ့ ရှောင်းကျန့်က သူချစ်နေတာကို မသိပဲ သူ့ကို အပါခေါ်ကာ ဘား ပေါင်းစုံသွား အရက်မျိုးစုံသောက် မိန်းမပေါင်းများစွာနဲ့ ပွေခဲ့ ရှုပ်ခဲ့ အိပ်ခဲ့ပြီး ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့သည်..။ ဒါတွေကိုကြည့်ကာ ကျန်းချန် ရင်နာခဲ့ပေမယ့် ယောကျာ်းလေးတွေနဲ့ မအိပ်ရင် ပြီးရောဆိုတဲ့စိတ်နဲ့ သူကိုယ်တိုင် ဘားပေါင်းစုံက သန့်တဲ့မိန်းကလေး ပေါင်းစုံကို ခေါ်ယူပေးခဲ့ရသည်လေ..။ဒါပေမယ့် ဒါပေမယ့်လို့ပေါ့ ရှောင်းကျန့် စပြီး ဖောက်လာတာက ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ခွဲနီးပါးလောက်က..... ။

အဲ့ချိန်တုန်းက သူနဲ့ ရှောင်းကျန့် အရက်ဘား တစ်ခုမှာ ရှိနေစဉ် ရှုပ်ထွေးသွားတဲ့ အရက်ဝိုင်းလေးတစ်ခု...။ ဘယ်ကနေ ဘယ်လိုစခဲ့တာ မသိပေမယ့် ထိုဝိုင်းကနေ ထွက်ပေါ်လာတဲ့ ကောင်လေးတစ်ယောက် ။ ရှင်းရှင်းပြောရမယ်ဆို ဝိတ်တာ ဝတ်စုံလေးနဲ့ ဝိတ်တာလေး တစ်ယောက်ပေါ့...။ ယိုင်တိုင်တိုင် ခန္ဓာကိုယ်ကို ထိန်းပြီး လျှောက်နေပုံက ထိုဝိုင်းက တစ်ခုခု ထည့်တိုက်လိုက်သလို...။ ရှောင်းကျန် ထိုဝိတ်တာကောင်လေးကို ကြည့်ပြီး မျက်နှာပျက်စွာ ထရပ်လိုက်သည်...။ ခဏအကြာ ခြေလှမ်းတွေ ထိန်းလျှောက်နေတဲ့ ဝိတ်တာကောင်လေးက တစ်စုံတစ်ယောက်ရဲ့ တွန်းတိုက်မူ့ကြောင့် ဟန်ချက်ပျက်ကာလဲကျသွားခဲ့သည်..။ ဒါပေမယ့် မြေပေါ်မရောက်ခင် ဆွဲထိန်းခံလိုက်ရတဲ့ ဝိတ်တာလေးက တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ...။ အဲ့ဒီလူလား သူ သိတာပေါ့ ရှောင့်ကျန့်နဲ့ ပတ်သက်တာ မှန်သမျှ သိနေခဲ့ရတဲ့ သူက ဘာလို့ ဒီလူကို မသိရမှာလဲ...။ အဲ့ဒီလူက ရှောင်းကျန့်ရဲ့ စီးပွားရေး ပြိုင်ဘက် ဝမ်ချောင်း...။ ဝမ်ချောင်းက အထီး အမ မခွဲခြားပဲ ဘာလာလာ ဒေါင်းတဲ့လူ..။ ကောင်လေးတော့ သွားပြီလို့ ထင်လိုက်ပေမယ့် ရုတ်တရက်ကြီး သူ့ရှေ့က ထထွက်သွားတဲ့ ရှောင်းကျန့်.. ။ ဝိတ်တာလေးကတော့ ဝမ်ချောင်း ရင်ခွင်ထဲမှာ...။

ဦး 💜 ( Completed )Where stories live. Discover now