25

7.7K 835 11
                                    

ဦး 💜

Chapter - 25

ဦးက ကျွန်တော့ကို ချစ်လား မချစ်လားတော့ မသိဘူး ။ ဒါပေမယ့် ဦးရဲ့ စိတ်ဆန္ဒအတွက် ခန္ဓာကိုယ်လိုအပ်ချက် အတွက် ကျွန်တော့ကို အသုံး ချမနေတာတော့ အမှန်ပဲ..။ တစ်ခါက ယွီပင်း မေးခဲ့တဲ့ စကားလေးကြောင့် မျက်စိမှိတ် မသိဘူး ငြင်းခဲ့ပေမယ့် တစ်ခါတစ်လေ တွေးမိတော့လည်း အားငယ်နေမိတယ် ။ ဦးက တစ်ကယ်ပဲ သူ့ကို အသုံးချနေခဲ့တာလားလို့ပေါ့ ။ ဒါပေမယ့် တစ်ကြိမ်ပါပဲ ကျွန်တော့ ခန္ဓာကိုယ်လေးကို ဦး အပိုင်ဖြစ် သတ်မှတ်ပြီးတဲ့ တစ်ကြိမ်တည်းပါပဲ... ။နောက်ပိုင်း ဦးက သူ့ကို နမ်းရှိုက်ယုံ ပွေ့ဖက်ထားယုံ ရင်ခွင်ထည်းထည့်အိပ်ယုံလေးပါပဲ..။ ဒါဆိုရင် ဘာလို့ ဦးက သူ့ကို လက်ခံပေးထားသေးတာလဲ..။ သူ့ကို ထိရတာ မကြိုက်လို့လား...။ သူနဲ့ နေရတာ မကြိုက်လို့လား..။ ဦးက တစ်ကယ်ပဲ မိန်းကလေးတွေပဲကြိုက်တာလား..။ ဝမ်ရိပေါ် ခေါင်းလေး ခါလိုက်မိသည်..။ တစ်ကယ် မတွေးချင်ဘူးလေ နေခွင့်ပေးထားယုံနဲ့ ကျေနပ်ရသူပဲ မဟုတ်လား..။ အတွေးထဲမှာ နှစ်မျှောရင်း ထိုင်နေမိတဲ့ ရိပေါ် ။ ဒီနေ့ သူ ပျင်းလို့ အတန်းမတက်ပဲ ကျောင်းနောက်က သစ်ပင်ကြီးအောက်မှာ လာထိုင်နေတာလေ...။ ကျောင်းမတက်ချင်မယ့်အတူတူ ဦးရဲ ကုမ္ပဏီမှာပဲ သွားနေရမလား...။ အိမ်ပြန်ပြီး စာပဲလုပ်ရမလား...။ စာမေးပွဲကလည်း နီးနေပြီဆိုတော့ အိမ်ပြန်ပြီး စာလုပ်တာပဲ ကောင်းပါတယ်လေ... ။ ရိပေါ် ထိုင်နေရာမှ ထရပ်လိုက်သည်...။

"ဟေ့ ချာတိတ် အတန်းပြန်တော့မလို့လား..."

ဝမ်ရိပေါ် နောက်ကျောဘက်ကနေ ကြားလိုက်ရတဲ့ အသံကြောင့် လှည့်ကြည့်မိလိုက်လျှင် ဦး ရဲ့ ပြိုင်ဘက် ရန်သူတော်ကြီး ဝမ်ချောင်း...။

ဒါနဲ့ ဒီလူကြီးက ကျောင်းထဲကို ဘာလာလုပ်တာလဲ...။ ဒီအရွယ်ကြီးနဲ့ ကျောင်းသားလည်း မဖြစ်နိုင် ပြီးတော့ ဝတ်ထားတာလည်း လူကြီး လူကောင်း ဆန်စွာ...။ သူသာ ဒီလူကြီးအကြောင်းကို အမ ဝမ်ချင်း ပြောပြမထားရင် လူကြီးလူကောင်း ထင်မိမှာပဲ...။ ဒါပေမယ့် အခု အကြောင်း သိထားတော့ စကားပင် ပြန်မပြောချင်တာနဲ့ ရှောင်ထွက်ခဲ့ဖို့သာ ပြင်လိုက်တယ်...။ ဒါပေမယ့်.......

ဦး 💜 ( Completed )Where stories live. Discover now