30

8.1K 782 7
                                    

ဦး 💜

Chapter - 30

ရှောင်းကျန့်က ဝမ်ရိပေါ် နဲ့ဆို တစ်ကယ်ပျော်နေတာလား...။ သူရှိနေရက်နဲ့ သူ့ကို မေ့ထားပြီး ဝမ်ရိပေါ်ကိုပဲ အလေးအနက် ထားပေးတာလား...။ သူက ရှောင်းကျန့် အတွက် သူငယ်ချင်းဆိုတဲ့ အဆင့်ထက် မပိုခဲ့ဘူးလား...။ ကော်ဖီနဲ့ မတည့်တဲ့ ဝမ်ရိပေါ် အတွက် ယူခဲ့ပေးတဲ့ နွားနို့...။ နို့စိမ်းသာကြိုက်တက်တဲ့ သူ့အတွက် ထည့်ဖျော်ခဲ့တဲ့ နို့ဆီတွေသာ...။ နို့စိမ်း ကုန်နေတာလားဆိုတဲ့ စိတ်နဲ့ ကော်ဖီဖျော်ပေးနဲ့ နေရာထိ ဝင်ကြည့်ခဲ့ပေမယ့် နို့စိမ်းဗူးတွေက အဆင်သင့် ဖောက်ပြီးသား...။ ရှောင်းကျန့် သူ့အကြောင်းသိတာတွေ မေ့သွားတာလား...။ တမင် မေ့လိုက်တာလား...။ ဝမ်ရိပေါ် ကြောင့်ပဲ မေ့သွားတာလား..။ အရေးမပါလိုက်တာ..။ ဝမ်ရိပေါ် ကို စကားနဲ့ အနိုင်ပိုင်းလိုက်ပေမယ့် သူတို့ နှစ်ယောက်ကို ခွဲဖို့ ဘယ်လို ကြိုးစားရမလဲ မသိသေးတဲ့ ကျန်းချန်...။ နောက်ဆုံး ကားလေးကို ဦးတည်ရာ ပြောင်းလိုက်သည်...။ ဝမ်ချောင်းရှိရာ ကုမ္ပဏီဘက်သို့.........

"လာပါ ကျန်းချန် အနှေးနဲ့ အမြန် လိုက်လာမယ်တော့ သိတယ်... ။ ဒါပေမယ့် ကုမ္ပဏီထိ လိုက်လာမယ်တော့ မထင်ထားဘူး...။ ဘယ်လိုလဲ ငါပြောသလို အဆင်ပြေတယ်မလား...။ သူတို့ နှစ်ယောက်ကို ခွဲခွာဖို့ဆိုတာ ရှောင်းကျန့် ဆိုတဲ့ မင်းသူငယ်ချင်းက သစ္စာ မရှိသူအဖြစ် ဝမ်ရိပေါ် မြင်သွားမှ ဖြစ်မှာ.... ကောင်လေးကို ခေါ်ထားဖို့က ငါ့အပိုင်း.... ။ မင်းအပိုင်းက မင်း သူငယ်ချင်း ရှောင်းကျန့်ကို မင်းနဲ့ အိပ်နိုင်ဖို့ ကြိုးစားရမှာ..။ အဲ့ဒါကို မင်းလက်ခံပြီမလား...။ မင်း မနက်ဖန် ရှောင်းကျန့် ကိုသာ ခေါ်ထုတ်ပြီး ဘားကို လာခဲ့... ။ ငါ မနက်ဖန် ဝမ်ရိပေါ် ဆိုတဲ့ ကောင်ငယ်လေးကို သစ္စာမရှိတဲ့ မင်းသူငယ်ချင်းက မင်းဆိုတဲ့ သူ့သူငယ်ချင်းနဲ့ အိပ်နေကြောင်း ငါတွေ့အောင် ခေါ်ပြပေးမယ်...."

ကျန်းချန် ဝမ်ချောင်းရဲ့ စကားကို ခေါင်းလေးငြိမ့်ပြလိုက်သည်...။ အစကတည်းက အဲ့လို လုပ်ဖို့ ပြောနေတဲ့ ဝမ်ချောင်းစကား...။ ဒီလိုသာ ရှောင်းကျန့်က သူနဲ့အိပ်မိသွားရင် သူ့ကို ချစ်လာဖို့ လမ်းမမြင်ပဲ မုန်းသွားဖို့ လမ်းသာရှိနေတာကြောင့် ခေါင်းခါငြင်းနေပေမယ့် အခုတော့ အဲ့လိုမှ မလုပ်ရင် ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးက ရှောင်းကျန့်နားက ခွာဖို့ လမ်းမမြင်...။ ဒါကြောင့် ရှောင်းကျန့် မုန်းလျှင်လည်း ခဏတော့ အမုန်းခံလိုက်မယ်...။ ပြီးမှ ငယ်သူငယ်ချင်း သံယောဇဉ်နဲ့ ဒူးထောက်တောင်းပန်ပြီး ခွင့်လွတ်မှုကို ပြန်ရယူမယ်...။ ရှောင်းကျန့် က သူ့ကို ခွင့်လွတ်ပေးဖို့လောက်အထိလေးတော့ သံယောဇဉ်တွေ ခိုင်မာမယ် မဟုတ်လား..။

ဦး 💜 ( Completed )Where stories live. Discover now