part-13

119 9 3
                                    

ကောင်းကင်မှာ နေမင်းကြီးက ပြိုင်ဘက်ကင်းစွာ ထွန်းလင်းတောက်ပနေလေပြီ။ကူးမားပြင်ဆင်ပေးသည့်
မနက်စာကို စားနေသော်လည်းစိတ်က ကိုကို့ဆီသာရောက်နေတတ်သည်။

ကိုကိုသိလား..လောကကြီးထဲမှာ ကျွန်တော်အခင်တွယ်ရဆုံးသူက ကိုကိုဆိုတာ။ကိုကို့ပုံရိပ်တွေအားလုံးကကျွန်တော့်နှလုံးသားရဲ့ memory laneလေးတစ်ခုလိုပါပဲ။

ခုလိုအားငယ်နေချိန်တွေဆို ကိုကို့မျက်နှာလေးမြင်ချင်မိတယ်..ကိုကိုရယ်။

"  အားဝမ်  ဘာတွေတွေးနေတာလည်းသားရဲ့ စားမကောင်းဘူးလား ဘူးလား.."

" ကောင်းပါတယ် ကူမားရဲ့ သိပ်မစားချင်လို့ပါ "

ကျွန်တော့်အဖြေကြောင့်.. ကူးမားက သက်ပြင်းတစ်ချက်
ချရင်းမှ နွေးထွေးစွာပြုံးပြလေသည်။ထိုစဥ် ဖေးအော်နှင့်အတူ စစ်ကျွေးနှင့်ကျင်းလင်တို့ရောက်ရှိလာလေသည်။

စစ်ကျွေးနှင့်ကျင်လင် ကတော့ရယ်စရာတွေပြောရင်း ကျွန်တော့်အားပျော်ရွှင်စေသည်။သူငယ်ချင်းလေးယောက်စုံနေခိုက်ကြောင့် ကူမားကတော့ ဖေးအော်ကျွန်တော်အားသေချာစောင့်ကြည့်ပေးဖို့မှာနေလေသည်။

သူမကြာခင်ပြန်လာပါမည်ဟု အတန်တန်မှာကြားကာ လိုအပ်သည့်ပစ္စည်းများကိုဝယ်ယူရန်ထွက်ခွာသွားလေသည်။ရယ်စရာတွေပြောကာ ရယ်မောနေတတ်သော်လည်း ဖေးအော်က ကျွန်တော့်အားတစ်ခုခုကိုပြောချင်နေသလိုပင် တစ်ခါတစ်ခါတွေတွေလေးငေးမောနေတတ်လေသည်။

ဒါကြောင့် ကျင်းလင်နှင့်စစ်ကျွေးက အကြောင်းမရှိအကြောင်းရှာကာ အပြင်ထွက်သွားလေသည်။သူမကတော့ကျွန်တော့်ဘေးမှာ ရှိနေဆဲပင်။

သို့သော် သူမအတွက်အထွေအထူးပြောစရာစကားမရှိသည်ကြောင့် လိုက်ကာတွေနောက်ဖက်မှ တိုးဝင်နေသည့်အလင်းတန်းတွေရှိရာ အကြည့်တွေပို့ထားမိသည်။

" ရိပေါ်...နင်သူကို့မျှော်နေတယ်မလား..တကယ်တော့
သူလည်းနင့်အပေါ်ခံစားချက်တွေရှိပါတယ် နင့်ကိုကား
တိုက်သွားတုန်းသူသိပ်ကိုစိုးရိမ်နေတာ....နင့်ကိုဆုံးရှုံး
ရမှာကြောက်နေတဲ့စိတ်တွေ သူမျက်ဝန်းတွေကိုမြင်ရုံနဲ့
သိသာနေတာ..အဟင်းးးဒါနဲ့များဘာလို့ငါ့ကိုချစ်ခွင့်ပန်
တာလည်းမသိဘူးနော်..."

DEMON(ညမင်းသားရဲ့ဒဏ္ဏာရီ) Where stories live. Discover now