part-14

83 6 1
                                    

အားတက်သရောပြောဆိုနေသည့် စစ်ကျွေးအပြောကို
ရိပေါ်ခေါင်းခါရမ်းလိုက်လေသည်။

" ဟ့်အင်း..ငါမပြိုင်ချင်ပါဘူး ပြိုင်တိုက်မှရမယ့်အနိုင်ရမှုမျိုးကိုငါမမက်မောဘူးဘယ်သူ့ကိုမှလည်းငါမနိုင်ချင်ပါဘူးလောကကြီးမ​ျောငါကအမြဲအရှုံးပေးရမယ့်လူတစ်ယောက်အဖြစ်မွေးဖွားလာခဲ့ပြီးသားပဲ.. "

" ရိပေါ်..မင်းရဲ့အတွေးတွေက မင်းဘဝကိုဟိုးအောက်ဆုံးထိရောက်အောင်ဆွဲချနေတာပဲ..ဘဝဆိုတာကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့အမြဲယှဥ်ပြိုင်ထိုးသတ်နေရတာ.
.အေး..အဲဒီနောက်ကွယ်မှာရင့်ကျင့်မှုနဲ့အတူအောင်မြင်မှု
ပျော်ရွှင်မှုတွေစောင့်နေတတ်ပါတယ်..အဓိကမင်းပြိုလဲ
မသွားဖို့ပဲ.."

ရွှင်ယန်ပြောတဲ့စကားအချို့ က ရိပေါ်၏သိမ်ငယ်မှု၊လျော့တိလျော့ဖြစ်နေသည့်စိတ်ရိုင်းတွေကိုရှင်းလင်းပေး
နိုင်ခဲ့သည်။

" ဟုတ်တယ်  ရိပေါ်မင်းရဲ့ဘဲကြီးအပေါ် လျော့စျေးအနေ
နဲ့ချပေးခဲ့မင်းမာနတွေရပ်သင့်ပြီ.."

" အဲ့ဒါတော့အမှန်ပဲ ဟျောင့် မင်းကခေါင်းငုံ့ပဲခံနေတာ
အထက်စီးကကြည့်ကြည့်စမ်းပါ  မင်းဘဝအတွက်အသစ်အဆန်းဖြစ်တာပေါ့"

စစ်ကျွေး၏စကားကိုကျင်းလင်ကပါဝင်ရောက်ထောက်ခံသည်။သူတို့နှစ်ယောက်စကားများမှာကိုကို့ ကိုမုန်း၍မဟုတ်မှန်းရိပေါ်နားလည်သည်။

ကိုကိုကရိပေါ်ထက်အရင်တက္ကသိုလ်တက်ခဲ့သူဖြစ်သည်။
ဒါကြောင့် ကျောင်းပေါင်းစုံကပြိုင်ပွဲတိုင်းအနိုင်ရခဲ့သည်မှာမဆန်းပေ။ကိုကိုက ဥာဏ်ရည်ထက်မြတ်သူတစ်ယောက်ဖြစ်သလိုနေရာတိုင်းမှာအောင်မြင်မှုတွေရခဲ့သူ
ဖြစ်လေသည်။ထိုစကားမှာ ရှေ့နေဘာသာရပ်ကို လွှဲပြောင်းမယူခင်ကဟုပြောလျှင်ပိုမှန်လိမ့်မည်။

ဝါသနာကိုစွန့်လွှတ်ကာဖခင်ဆန္ဒကိုလိုက်လျောပြီးသည့်နောက်ပိုင်းအရွဲ့တိုက်ကာထင်ရာဆိုင်းခဲ့လေသည်။ရိပေါ်တက္ကသိုလ်ရောက်သည့်တိုင် ကိုကိုကဘွဲ့မရသေးပေ။
ရိပေါ်နှင့်ကိုကိုမှာ အသက်6နှစ်ကွာလေသည်။ထို့ကြောင့်ရိပေါ်ကိုကို့ကိုချစ်ခင်လေးစားလေသည်။ထိုနောက်တွင်
နှလုံးသားပါကပ်တွယ်နေသည်ကိုရိပေါ်သိရှိချိန်မှစကာပူလောင်ရလေသည်။

DEMON(ညမင်းသားရဲ့ဒဏ္ဏာရီ) Where stories live. Discover now