P a r t - 9

147 15 2
                                    

" ရှောင်းကျန့်.. ဘာလို့အဲ့လိုတွေးနေရတာလည်း
တကယ်ဆိုကျဲက သူ့ကိုယ်သူအဆုံးစီရင်ခဲ့တာ မင်းနဲ့
မှမဆိုင်ပဲ.. "

" ဒါပေမဲ့.. ငါက ပံ့ပိုးပေးခဲ့သူပဲလေ!! "

" ရှောင်းကျန့်.. "

သူ့စကားကြောင့် ဝမ်ချင် စိတ်မရှည်စွာအော်လေသည်။

" နင်ဘာလို့ပြောရခက်နေတာလည်း.. တကယ်ဆို ကျဲက
အိပ်ဆေးသောက်နေကြမို့ နင်ဝယ်ပေးခဲ့ရုံလေးပဲ သူအဲ့လို
လုပ်မယ်လို့ နင်မှမသိခဲ့ ပဲ ဘာလို့နင့်ကြောင့်ပါလို့ခေါင်းစဉ်
တပ်ပြီး.. အတိတ်ကိုတူးဆွနေတာလည်း.. "

" ဟုတ်တယ် ငကျန့်.. ဝမ်ချင်ပြောတာမှန်တယ် ငါတို့သုံး
ယောက်က ဟိုးငယ်ငယ်လေးထဲက တူတူကြီးပြင်းခဲ့တာ
မင်းခုလို ဖြစ်နေတာကြည့်ပြီး ငါတို့လည်းထပ်တူခံစားရ
တာပဲလေ ဒါပေမဲ့ အဲ့ဒီအတိတ်ကိုတော့မင်းမေ့သင့်နေပြီ
မင်းခုလို.. နောင်တတွေငိုကြွေနေလို့လည်း မင်းကျဲကပြန်မှ
မလာနိုင်တော့ပဲလေ "

ကျန်းချန် စကားကြောင့် ရှောင်းကျန့်သေချစွာသူ့အား
ကြည့်လာသည်။ ထို့နောက် တစ်ခုခုကိုစဉ်းစားသလိုပြုလိုက်
ပြီး...။

" ပြန်လာနိုင်တယ်... ရှစ်ကျဲပြန်လာတယ်ဆိုတာ
မင်းတို့သိလား..??

" ရှောင်းကျန့်..!! "

ရူးကြောင်ကြောင် ပြောဆိုလာသည့် ရှောင်းကျန့်စကားတို့က
ခြောက်ခြားစရာ ကောင်းနေသည်ကြောင့် ကျန်းချန်နှင့် ဝမ်ချင် ပြိုင်တူ အော်မိလေသည်။

" ဟားးး.. ဟင်းး ငါကစတာပါ..!! "

ဒီလောက်မျက်ရည်တွေကြားထဲက ပြောလာသည့်စကားကို
ပင် စတာဟူ၍ခေါင်းစဉ်တတ်နေသော ရှောင်းကျန့်က
ိုနားမလည်စွာ ကြည့်နေရုံမှတခြားမရှိတော့ပေ။

*************

ညနေပိုင်းမှ ပြန်သွားကြသည့်ကိုကို့သူငယ်ချင်များက သူ့ကိုပင်နှုတ်ဆက်သွားသေးသည်။ ညစာပင်လာမစားတော့
သည့် ကိုကိုက အခန်းအောင်းနေလေသည်။

ညနက်သည်ထိ အိပ်မပျော်သောရိပေါ် ကိုကို့အား တွေ့ရမလား ဆိုသည့်စိတ်နှင့် ခြံကြီးထဲ ခိုးဆင်းမိလေသည်။
သို့သော်လည်း ကိုပို့အရိပ်အယောင်ပင်မတွေ့ရပေ။ ထို့ကြောင့် ဘာရယ်မဟုတ် အကြည့်တိုက၊Demon အခန်းဆီသို့ရောက်သွားမိလေသည်။

DEMON(ညမင်းသားရဲ့ဒဏ္ဏာရီ) Where stories live. Discover now