" ရိပေါ်...ရိပေါ် ...သ..သတိရလာပြီ..ဝမ်သာလိုက်တာ "
နားထဲ တိုးဝင်နေတဲ့အသံရှင်ကဖေးအော်တဲ့လား....ကိုကိုသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလည်း..ဒါပေမဲ့မဖြစ်နိုင်ဘူးမလားကိုကို...။
ကျွန်တော် ရူးမိုက်မိတယ်ထင်တယ် နောက်ဆုံးချိန်လေး
ဖြစ်ဖြစ်ပေါ့ ကိုကိုရဲ့ကြင်နာမှုတွေကျွန်တော်ရရှိနိုင်မလားဆိုပြီးမျှော်လင့်ခဲ့မိတယ်..စိတ်ကူးကလက်တွေ့ဆန်မေနဘူး...ကိုကိုကျွန်တော့်ကို ဥပေက္ခာပြုနိုင်ခဲ့တယ်။ဒီအချိန်လေးသာ ကျွန်တော့်နောက်ဆုံးထွက်သက်ဆိုရင်...ကိုကိုဥပေက္ခာပြုမှုတွေကြောင့် ကျွန်တော်ကျွတ်လွတ်နိုင်မှာမဟုတ်ဘူး...ရက်စက်တယ်လို့မဆိုတော့ဘူး..ကျွန်တော်ကိုယ်တိုင်ကနာကျင်ရဖို့မွေးဖွားလာခဲ့သူမို့..။
" အားလုံးပဲ...ကျွန်တော့်ကြောင့်ထိတ်လန့်ကုန်ကြပြီ..sorry ပါဗျာ..!! "
" မဟုတ်တာ.. ဒီလိုကိစ္စတွေက ငါတို့လိုအားကစားသမားတွေကြုံနေကြပဲ..မင်းဘာမှမဖြစ်တာပဲကံကောင်းတယ် "
" ဟုတ်..မင်းမနက်ဖြန်ပြိုင်ပွဲအတွက်အဆင်ပြေပါ့မလား
ကြွက်တတ်တာဆိုတော့..ခြေထောက်တော့တော်တော်အောင့်နေမှာပဲ.."ကျွန်တော့်ရဲ့တောင်းပန်စကားကြောင့်...ပြိုင်ပွဲဝင်တချို့ကအားပေးနှစ်သိမ့်ကြပေမဲ့..ကိုကိုကတော့ ရှိမနေခဲ့ပြန်ဘူး....ဘာကြောင့်များလည်းကိုကို။
ကျွန်တော် ကိုကို့ ကိုနားလည်နိုင်ပြီလို့ထင်ခဲ့တယ်..တကယ်တမ်း ကိုကိုကဘာသာပြန်လို့မရတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ။စဥ်းစားလေ ပိုနက်လေ ပိုခက်လေပဲ..ကိုကို။
ကျွန်တော်အားလုံးကိုပြုံးပြနှုတ်ရင်း အနားယူဖို့အခန်းဆီပြန်လာခဲ့လိုက်တယ်။ဖေးအော်ကိုတော့ အဆင်ပြေကြောင်းဖျောင်းဖျပြီးပြန်လွှတ်လိုက်ရတယ်။အခန်းရောက်တော့..မြင်နေကြကိုကို့ပုံစံကတွေဝေနေသလိုပဲ။ ဘာကြောင့်လည်း.. ကျွန်တော်အသက်ပြန်ရှင်လာလို့လားကိုကို...။
ကျွန်တော်ကကိုယ့်ကိုကိုယ်ထက် ကိုကို့ကိုပိုချစ်တယ်
ကိုကိုကတော့.......။
YOU ARE READING
DEMON(ညမင်းသားရဲ့ဒဏ္ဏာရီ)
Fanfiction" Demon " ဆိုတဲ့name လေးကြိုက်တယ်..!! တကယ်လည်း.....ကျွန်တော်ကမကောင်းဆိုးဝါးတစ်ကောင်ပါပဲ.. ။နာမည်လည်းမရှိသလို ဘာပိုင်ဆိုင်မှုမှလည်းမရှိဘူး တစ်ခုထဲပဲ.. သူကတော့ကျွန်တော်ပိုင်ဆိုင်ချင်တဲ့ အရာသေးသေးလေးထဲမှာထိပ်ဆုံးကပါတယ်..!! ------------ Uni " Demon " ဆိ...