9

4.4K 311 14
                                    

Unicode

ဒေါက်.....ဒေါက်....

"ဝင်ခဲ့ပါ"

"ဉီး..."

လာပါပြီ..အရှုပ်မလေးဘာတွေမွှေဉီးမလဲမသိဘူး

"ချာတိတ်အခန်းမှားလာတာလား ရိပေါ်အခန်းကအပေါ်မှာနော်"

"ဉီးဆီကိုလာတာပါ"

"ဘာတွေမွှေဉီးမလို့လဲ"

"ဟား...လုလုကိုဆိုပြောဖို့ကြီးပဲ ဉီးကိုတွေ့ချင်လို့လာတဲ့ဟာကို"

"လာပြီ လာပြီပေါက်ကရတွေပြောတော့မယ်"

"ဉီးကလေ အာ့ပြောတာပေါ့ အတည်ပြောတော့လဲမဟုတ်ဘူး သက်သေပြတော့လဲပြဿနာရှာတယ်ပြောတယ် ဟွန့်..."

*ရိပေါ်သတိရလာပြီးနောက်ရက်ထဲက ရိပေါ်ဆီလာတိုင်းသူ့ဆီရောက်ရောက်လာတယ်..၂ရက်လောက်နေတော့ ဉီးကိုသဘောကျတယ်တဲ့ မနောက်စမ်းပါနဲ့လို့ပြောလိုက်မိပါတယ် ဌာနကဆရာမလေးတွေဆီသွားပီး ဉီးကိုသူသဘောကျနေတာမို့ မိန်းခလေးတွေအနားမကပ်နိုင်အောင်စောင့်ရှောက်ပေးပါဆိုပြီး အဲ့ချာတိတ်ကသွားပြောလေရဲ့*

"ဘာကိုပြဿနာမရှာတာလဲ အခုဆိုဌာနကဆရာမတွေအပြင် တခြားဌာနကသူတွေပါ ရိသဲ့သဲ့နဲ့စကုန်ပီ"

"ဘယ်လိုစတာလဲ"

"ဘယ်လိုစရမလဲ တွေ့တိုင်းဂုဏ်ပြုပါတယ် မြန်မြန်ကျွေးပါတော့ ကလေးမွေးစားတာလား..စုံနေတာပဲ"

"ဟားဟား....ဟားဟား "

"မရယ်နဲ့ ချာတိတ်"

"အိုက်ယား..ဉီးရယ် မှုံကုတ်မနေပါနဲ့ လာရင်းကိစ္စတောင်မေ့သွားပြီး"

"ဖြစ်ရမယ်နော် မြန်မြန်စဉ်းစား အချိန်မရှိဘူး roundလှည့်သွားရမယ်"

"အွန်း...အွန်း...🤔..အော့သတိရပီ ကောကောဆေးရုံကဘယ်တော့လောက်ဆင်းလို့ရမလဲလို့ အိမ်မှာပဲပြန်နားတာပိုကောင်းမလားလို့လေ"

"ဒီကိစ္စ အန်ကယ်ဝမ်နဲ့ပြောပြီးသား ၁ရက်၂ရက်နေရင်ဆင်းလိ​ု့ရပြီ....ပြီးပြီမလား သွားတော့"

"ပြီးသေးဘူး ကျန်သေးတယ်"

"ဘာကျန်သေးတာလဲကွာ"
ရှီရွှမ်းစိတ်မရှည်တော့ပဲစားပွဲပေါ်လက်ထောက်ကာမေးလိုက်သည်။

Perfect love{complete}Where stories live. Discover now