58

2.7K 181 10
                                    

Unicode
မိသားတွေ့ဆုံပွဲလေးကပျော်ရွှင်စွာအဆုံးသတ်သွားတော့သည်။ အသီးသီးအိမ်ပြန်ကြတော့ ရိပေါ်က ရှောင်ကျန့်လက်ကိုဆွဲကာ...

"ဒယ်ဒီ မာမီကိုပြန်ပို့ပေးလို့ရလား ကျွန်တော်တို့သွားစရာရှိလို့ မာမီ့ကားယူသွားမယ်"

"အော် အင်း ရတယ်လေသွားသွား"

လာတုန်းက ရိပေါနဲ့ရှောင်ကျန့် မာမီကားနဲ့လိုက်လာတာဖြစ်လို့ ကားယူရန်ခွင့်တောင်းလိုက်ရသည်။

ရှောင်ကျန့် ရိပေါ်ခေါ်လို့သာလိုက်ရတယ် ဘယ်မှန်း ညာမှန်းမသိ...

"ရိပေါ်.... ရိပေါ်ဘယ်သွားကြမှာလဲ"

"တနေရာရာပေါ့"

ရိပေါ်ကားတခါးဖွင့်ကာ ရှောင်ကျန့်ကို အရင်ဝင်ခိုင်းပြီးမှ မောင်းသူနေရာထိုင်ကာ ကားလေးမောင်းထွက်လိုက်သည်.....

.....................

ရှောင်ကျန့်သူ့အတွေးနဲ့သူ ဝမ်းနည်းနေ၍ ရိပေါ်ကိုဘာမှမပြောပဲ ခေါ်ရာကိုသာ မှက်လုံးမှိတ်အသာလေးမှေးပြီး လိုက်ခဲ့လိုက်တော့သည်။

ရိပေါ်ကားမောင်းရင်း ရှောင်ကျန့်ကိုကြည့်ကာ
မကြားစေရန် သက်ပြင်းလေးချလိုက်မိသည်။

*ကောဘာတွေခံစားသွားရလဲကျွန်တော်သိတယ်....
လင်းယီကျဲရဲ့မိဘတွေနဲ့အတူ လေးလေးရောတီတီမေပါ မြေးဆိုတဲ့အသံနဲ့ ပျော်နေကြတာကို ကြည့်ပြီး ကောမျက်နှာပြောင်းသွားခဲ့တာ..... ဟန်ဆောင်ပြုံးနေပြီး ဝမ်းနည်းနေခဲ့တာ.....
တချက်တချက် ဒယ်ဒီနဲ့မာမီကိုလှန်းလှန်းကြည့်ပြီး မျက်ရည်ဝဲနေတာ.....
သူကိုယ်တိုင်ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားလေးတစ်ယောက်ကိုချစ်မိလို့ ဒယ်ဒီတို့ကိုဆည်းလည်းလေးတွေမမွေးပေးနိုင်တဲ့သူမလို့ ကျွန်တော်ကို မိသားစုဆိုတဲ့အသိုက်အမြုံလေးမဖန်တီးပေးနိုင်လို့ ဝမ်းနည်းနေတာကျွန်တော်သိတယ်.. ကောသိလား ကျွန်တော့်အတွက် အေးချမ်းလှတဲ့မိသားစုဆိုတာ ကလေးတွေမလိုဘူး ဒယ်ဒီခေါ်သံတွေမလိုဘူး ကောနဲ့ ကောရဲ့ကလေးခေါ်သံလေးပဲလိုအပ်တာ *

ရိပေါ်စိတ်ထဲမှာပြောရင်း သူဉီးတည်ရာနေရာရောက်တော့ ကားလေးရပ်ကာ မှေးနေတဲ့ရှောင်ကျန့်ကို အသာလှုပ်နိုးလိုက်ပြီး...
"ကော ရောက်ပြီ"

Perfect love{complete}Where stories live. Discover now