Unicode
ချိုမြိန်တဲ့အနမ်းတွေနဲ့စတင်ခဲ့တဲ့နေ့တစ်နေ့...
ရိပေါ်နားမလည်ပေမဲ့ ရှောင်ကျန့်အတွက်ပထမဆုံးချစ်သူဖြစ်တဲ့နေ့....ရှောင်ကျန့်တို့၂ယောက် ပြင်ဆင်ပြီး မြို့ထဲထွက်ခဲ့ကြသည်။ Shopping centerရောက်တော့ ရိပေါ်အတွက်အဝတ်အစားတွေဝယ်ရင်း သူ့အတွက်ပါလိုအပ်တာဝယ်သည်။ နေ့လည်စာကိုcenterအောက်ထပ်ရှိစားသောက်ဆိုင်မှာဝင်စားကြသည်။
"ရိပေါ် ဝပြီလား ဘာစားဉီးမလဲ"
"ဟင့်အင်း..စားတော့ဘူး ဗိုက်ပြည့်သွားပီ"
"အင်း ပြီးရင်သွားရအောင် ရိပေါ်ကိုဝယ်ပေးစရာရှိတယ်"
"ဘာလဲ ဘာဝယ်ပေးမှာလဲ စကိတ်လား legoရုပ်လား"
"ဟာ အဲဒါတွေ ရိပေါ်အိမ်မှာပုံနေပြီလေ ဘာလုပ်မှာလဲ"
"ဟုတ်သားပဲ ခုသွားမယ် ထ ထ"
ရှောင်ကျန့်လက်ကိုဇွတ်ဆွဲထခိုင်းတဲ့ ရိပေါ်ကိုကြည့်ပြီး ရယ်လိုက်မိသည်။ ကလေးကဇွတ်ပါလား....
သူ့ကလေးအတွက်လိုအပ်မည့်အရာမို့. ရှောင်ကျန့်ကားလေးကို တစ်နေရာဉီးတည်မောင်းလိုက်သည်။ ၅မိနစ်ခန့်မောင်းပြီးသော်..သူ့သူငယ်ချင်းဖွင့်ထားသော You & Me Mobile Company & Showroom ရောက်ရှိလာခဲ့ကြသည်။
"ရိပေါ် ရောက်ပြီ ဆင်းရအောင်"
ရိပေါ်ကိုခေါ်ကာ
ဆိုင်ထဲဝင်လာလိုက်သည်။"ဟား...Drကြီး မလာတာကြာပြီနော် မျက်စိလည်လာတာလား"
"မဟုတ်ပါဘူးဗျာ သက်သက်လာတာပါ ကျွန်တော့ညီလေးအတွက် ဖုန်းတစ်လုံးလောက်လိုချင်လို့ပါ"
"Aww...ဟုတ်ကဲ့ ဘယ်အမျိုးစားထဲကကြည့်မလဲ"
"နောက်ဆုံးပေါ်တာလေးပေါ့..."
"အကောင်းဆုံးကိုပြပေးပါ့မယ် လာပါ ထိုင်ပါဉီး အအေးသုံးဆောင်ကြပါဦး အေးဆေးပေါ့ဗျာ"
"အိုခေ"
ဆိုင်ရှင်ရဲ့ကလေးကတစ်ချိန်ကရှောင်ကျန့်ရဲ့လူနာဖြစ်ဖူးတာကြောင့် ရင်းနှီးသွားခဲ့ပြီး ဖုန်းကုမ္ပဏီဖွင့်ထားသည်မို့ ဖုန်းနဲ့ပတ်သက်ရင် သူ့ဆီပဲရောက်တတ်သည်။