37

3K 229 14
                                    

Unicode
"သားငယ်"

"ဟုတ်မာမီ"

"မာမီ မြေးလေးကိုတွေ့ချင်တယ် မာမီတို့တရုတ်ပြန်ရအောင်"

"ဟင် မာမီအခြေနေနဲ့ဖြစ်ပါ့မလား"

"အိုကွယ် မာမီကခြေထောက်လေးပဲ ကျောက်ပတ်တီးစည်းရတာပါ လူကအကောင်းကြီးပါ"

"ကောကိုတိုင်ပင်လိုက်ပါဉီးမယ် မာမီရဲ့"

"တိုင်ပင်မနေနဲ့ ငါပြန်မယ်ဆို ပြန်မယ် မနက်ဖြန်လေယာဉ်နဲ့ပြန်မယ် ဒါပဲ"

"မာမီ မာမီ.."

မာမီကအာလို တဇွတ်ထိုးပါဆို တွေးကြည့်ရင် သား၂ယောက်ကဒယ်ဒီနဲ့တူပြီး မြေးဖြစ်သူရိပေါ်ကြမှ အဘွားနဲ့တူသည်မက အဘွားထက်ကိုပိုတဇွတ်ထိုးနိုင်သေး၏ ဒါကြောင့်လဲ အချစ်ပိုနေတာပေါ့.....

မာမီစိတ်တိုင်းကျ တရုတ်ပြန်ဖို့ပြင်ရတော့သည်။ ချန်ယွိအဖေ ကျွန်တော့်ကောနဲ့မရီးကတော့ အလုပ်တွေနဲ့မို့မလိုက်နိုင်ပေ..

တရုတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကိုရောက်တော့ မှောင်နေပြီ..
မာမီကိုကြည့်တော့ မျက်နှာညှိုးနေတာတွေ့လိုက်ရ၍...

"မာမီ ကျွန်တော့ကို ခွင့်လွှတ်ပါနော် ကျွန်တော့အမှားတွေပါ"

"လွမ်းခဲ့တယ် အရမ်းပဲ ဒါပေမဲ့ပြန်ဖို့အားမရှိခဲ့ဘူး အခုတော့ အမိမြေကိုခြေပြန်ချခွင့်ရခဲ့ပြီ မာမီအရမ်းပျော်တာပဲ သားငယ်"

"သားရဲ့အိမ်ကမာမီအိမ်ပါ တစ်သက်လုံး သားပြုစုစောင့်ရှောက်မှာမို့ မာမီ့အိမ်ကိုပြန်လာခဲ့ပါမာမီ... အလည်သက်သက်မဟုတ်ပဲနဲ့ပေါ့"

"ကဲပါ... မိုးချုပ်နေပြီ အိမ်ပြန်ရအောင် မြေးလေးကိုတွေ့ချင်လှပြီ..."

"ဟုတ် မာမီ"

လျိုကျားမာမီကိုခေါ်ပြီး taxiနဲ့အိမ်ပြန်လာခဲ့လိုက်သည်။ ချန်ယွိရယ် သားနဲ့သမီးရယ် ရုတ်တရက် အံ့သြသွားစေရန် မပြောပဲပြန်လာခဲ့ခြင်းပင်......

အိမ်ရှေ့ရောက်တော့ ခြံထဲမှာကလေးတွေစုကာ စားပွဲကျင်းပနေတာတွေ့ရသည်။

သူတို့ကားရပ်တာကိုပင် မတွေ့တဲ့အထိ ပျော်နေကြသည်။

သူကားပေါ်ကဆင်းတော့မှ ခြံစောင့်မြင်ကာအံသြသွားပြီး တံခါးလာဖွင့်ရင်း အထုပ်တွေယူကာဝင်သွားလေသည်။ သူနဲ့မာမီ ကလေးတွေစီလျှောက်လာရင်း ရိပေါ်စကားပြောမည်ဆို​တော့ ခဏရပ်ကြည့်နေလိုက်ကြသည်။

Perfect love{complete}Where stories live. Discover now