HF - 12

2.1K 336 62
                                    

"လူနာက အစာအဆိပ်တက်သွားတာပါ၊
နောက်ပြီး ဓာတ်မတည့်တာလည်း ပါတာပေါ့၊
နောက်တစ်ခါဆုိ အစားစားရင် သေချာဂရုစိုက်ပါ"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

တာဝန်ကျ ဆရာဝန်က လိုရင်းတိုရှင်းသာ ပြောပြီး
လှည့်ထွက်သွားလေတော့ သက်တိုင်ခမျာမျက်နှာငယ်လေးဖြင့် နှုတ်ဆက်လိုက်ရတော့သည်။ တချက်ကလေးသတိလွတ်သွား
သည်နှင့် ယခုလို မဖြစ်သင့်ဘဲဖြစ်သွားရသည့် ကိစ္စမို့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။
ယုဒါက  အစားအသောက်ကို သိပ်များများစားစားမစားတတ်တာပဲ တော်သေးသည်ဟု ပြောရမည်။ မဟုတ်လျှင် ဒီ့ထက်ပိုပြီး ခံစားနေရမှာ အသေအချာပင်။

အခုတော့ ဆေးရုံကုတင်လေးပေါ်မှာ နွမ်းဖပ်ဖပ်မျက်နှာလေးဖြင့် သတိလစ်မေ့မျောနေသော
ယုဒါ။ မကြာခင် သတိရလာလိမ့်မည်ဟု သူနာပြုဆရာမလေးများ၏ပြောကြားချက်အရ အရမ်းစိုးရိမ်စရာမရှိတော့ဘူးဆိုတာကို သိလိုက်ရသည်။
သို့သော် စိတ်ထဲမကောင်း။ ကိုယ်ဂရုမစိုက်မိလို့ ဟူသော စိတ်က မကြာခဏဆိုသလို နှိပ်စက်နေလေပြန်သည်။

"Ring....."

ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်း vibrate သံကြောင့်
ယုဒါကို ငေးကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး ဖုန်းကိုနှိုက်ထုတ်ကာ ယူကြည့်လိုက်မိသည်။
အဂ္ဂါထံမှ....

"ဟယ်လို အဂ္ဂါ"

"အေး သက်တိုင်၊ အဆင်ပြေရဲ့လားလို့ ၊ နောက်ပြီး မင်းပိုက်ဆံအိတ်က ရွှေချည့်ရဲ့ စလင်းဘတ်အိတ်ထဲ ကျန်ခဲ့တာဆို၊ အဲ့ဒါ ဆေးရုံမှာ ငွေရှင်းဖို့ အခက်အခဲဖြစ်နေမှာစိုးလို့ လှမ်းမေးကြည့်တာ၊ လိုအပ်ရင် ငါအခုထွက်လာခဲ့လိုက်မယ် ..
သျှင်ပါဂူမှာပဲ မဟုတ်လား"

"နေ နေ ရတယ် အဂ္ဂါ ၊ ငါ့ဆီမှာ ibanking ရှိတယ်၊ တကူးတက မလာနဲ့တော့ ၊ အချိန်လည်း နှောင်းနေပြီ ၊ အိမ်ကိုသာ ပြန်ကြတော့၊ ဩော် နောက်ပြီး
ရွှေချည့်ကိုလည်း ဂရုစိုက်ပြီး အိမ်ပြန်ပို့ပေးလိုက်ပါကွာ၊ တစ်ခုပြီးတစ်ခု အကူအညီတောင်းရတာ အားတော့နာတယ် အဂ္ဂါရာ"

"မလိုပါဘူးကွာ ၊ မင်းသာ အဆင်ပြေအောင်လုပ်၊ ဒီမှာက အဆင်ပြေတယ် ..အိုကေ ဒါဆိုရင် ငါဖုန်းချလိုက်တော့မယ်၊ လုပ်စရာရှိတာ ဆက်လုပ်"

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Donde viven las historias. Descúbrelo ahora