"ဟဲ့ သက်တိုင်၊ ဟိုမှာ ယုဒါ မဟုတ်လား"
နွေးရိပ်၏စကားကြောင့် သက်တိုင်တစ်ယောက် ပတ်ဝန်းကျင်ကို ခေါင်းထောင်လှည့်ပတ်ကြည့်လိုက်မိလေ၏။ချိန်းထားရင်တောင် လွဲဦးမည်။ ယခုတော့ ကုိယ့်ဆီတန်းတန်းမတ်မတ်လာနေသော ယုဒါကြောင့် ထိုင်ရမလုိ၊ ထရမလုိတွေ ဖြစ်ကုန်တော့သည်။ ထို့နောက် စားလက်စ ထမင်းပန်းကန်ထဲ ဇွန်းပစ်ချကာ တစ်သျှူးတစ်ရွက်ဖြင့်ပါးစပ်သုတ်ပြီး ယုဒါ ဆီသို့ ခပ်သွက်သွက်ပြေးသွားလိုက်မိတော့သည်။
္"ယုဒါ မင်းဒီကို ဘာလာလုပ်တာလဲ"
နေပူကျဲတဲအောက်တွင် အဆောင်းမပါ ဘာမပါဖြင့် ဖြစ်ချင်တိုင်းဖြစ်နေသော ယုဒါကို သက်တုိင်က စိတ်ရှုပ်သလိုမျိုး ကြည့်ကာ မေးလိုက်တော့
ယုဒါက မထီသလို ပြန်ကြည့်လေ၏။"ဒီကျောင်းထဲ လာစရာအကြောင်းက တစ်ခုပဲရှိတယ် သက်တိုင်၊ အပိုလုပ်မေးမနေနဲ့၊ ငါမင်းကို လာတွေ့တာ"
အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သော
ယုဒါ၏စကားကြောင့် သက်တုိင်က ခေါင်းကို
တချက်ကုတ်လိုက်လေသည်။ ပြီးနောက်"မင်း အတန်း မတက်ဘူးလား ၊ စာသင်ချိန်ကြီးလေ၊ နောက်ပြီး နေပူထဲမှာကွာ ၊ဘယ်လိုဖြစ်ပြီး ရောက်ချလာတာလဲ၊ ညနေဘက်မှ တွေ့လိုလည်း ရတာကို "
"မင်းက ငါ့ကို စိတ်ပူနေတာလား ၊ ဒါမှ မဟုတ် တစ်ယောက်ယောက် တွေ့သွားမှာ ကြောက်နေတာလား"
အင်မတန်အကျပ်ရုိက်စေသော မေးခွန်းပင်။
"မင်းကို စိတ်ပူလို့ပါကွာ၊ အခုမှ နေကောင်းကာစပဲရှိသေးတာကို"
"ငါ့ကို စိတ်ပူရင် မင်းငါ့ဆီပြေးလာကတည်းက
ဆောင်းစရာ တစ်ခုခုယူလာရမှာပေါ့၊ အခုမှ နေပူတယ်တွေ ဘာတွေ လုပ်မနေနဲ့""ယုဒါ မင်းဘာတွေဖြစ်နေတာလဲ၊ ဘာဖြစ်လို့ စကားကို ကပ်ပြောနေရတာလဲ၊ ငါ ဒီမှာ ထမင်းစားလက်စကြီးကွ၊ မင်းကို တွေ့လို့ ချက်ချင်းပြေးလာတာ"
သက်တုိင်တစ်ယောက် ထောင်းခနဲထွက်သွားသော ဒေါသကို မနည်းမြိုသိပ်လိုက်ရဟန်တူသည်။ နီမြန်းသွားေသာ မျက်နှာကား မဖြူသော အသားအရည်ကို လွှမ်းခြုံလျက်။ ယုဒါသည်လည်း
နေေရာင်အောက်ထဲတွင် ရပ်နေရ၍ မျက်နှာကား နီစပ်စပ်ဖြစ်နေချေပြီ။ သို့သော် နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ သက်တုိင်ကုိ စိုက်ကြည့်နေဆဲ။
VOUS LISEZ
Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)
Roman d'amourမဆုံနိုင်တဲ့လမ်းကိုမှ ရွေးချယ်မိခဲ့တဲ့ ကျွန်တော့်ရဲ့ ရာဇဝင်ထဲမှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ မိုင်ယုဒါ................................🌟 မှတ်စက်တစ်ခုကို ဗဟိုပြုပြီး ဆန့်ကျင်ဘက် အရပ်သို့ ခရီးရှည် ထွက်သွားတဲ့ မျဥ်းနှစ်ကြောင်းဟာ သံသရာတစ်ကွေ့မှာ...