ထွက်သွားရတော့မယ်ဆိုတာကို ကြိုသိတော့ ပြင်ဆင်ချိန်လေး ရတာပေါ့။ တစ်နေ့သွားရမယ့် လမ်းကို ကြိုသွားနှင့်ပြီး လေ့လာခွင့်ရတယ်လို့ပဲ
သဘောထားပါတယ်။
............................................................................"မေမေ"
"ပြော သားလေး "
ထမင်းစားခန်းထဲကို ဝင်လာလာချင်း အမေဖြစ်သူကို လှမ်းခေါ်လိုက်ကြောင့် ဒေါ်ယုနန္ဒာက ယုဒါအတွက် ထမင်းတစ်ပန်းကန်ကို ခူးပေးနေရင်းမှ ချက်ချင်းပင် ပြန်ထူးလိုက်လေသည်။
"ပြောစရာလေး ရှိလို့"
"ပြောလေ ၊ ဘာများလဲ ထူးထူးဆန်းဆန်း"
"ပြောစရာဆိုတာထက် ခွင့်တောင်းချင်တာလေးပါ၊ ဟိုတစ်ခါ မေမေဆီက တောင်းဆိုထားတာလေးရှိတယ်လေ၊ သားလိုချင်တာကို ဖြည့်စည်းပေးမယ်ဆိုတာ"
ထိုစကားကြောင့် ဒေါ်ယုနန္ဒာ၏ မျက်လုံးလေးတွေ လက်ခနဲဖြစ်သွားကာ ထမင်းပန်းကန်ကို ယုဒါရှေ့ချပေးရင်းမှ ပြုံးလိုက်ကာ
"အံမယ် မေ့သားက မှတ်ထားတယ်ပေါ့၊ ပြောပါဦး ၊ ဘာများ တောင်းဆိုချင်တာလဲ "
ဟု ဆိုလေတော့ မသိမသာ အရောင်တောက်ပသွားသည့် ယုဒါ၏ မျက်နှာလေးက ကြည်လင်စွာ။
"သား သက်တိုင်နဲ့ အတူတူ သွားနေချင်တယ် မေမေ"
"ဟင်"
ယုဒါ၏ ခွင့်တောင်းလုိက်သောစကားကြောင့် ဒေါ် ယုနန္ဒာ တစ်ယောက် အာမေဋိတ်သံ ကလေးပင် ထွက်သွားရသည်။ သို့သော် မျက်နှာက အပြုံး
မပျက်။ သားဖြစ်သူ၏ မျက်နှာကို သေချာစွာ ပြန်လည်ငေးကြည့်ရင်း မေးခွန်းတစ်ခုကို မေးလိုက်လေသည်။"အကြာကြီးလား သား"
"အရမ်းကြီးတော့ မကြာပါဘူး၊ တစ်လလောက်ပဲ ဖြစ်ဖြစ်"
တိုးတိမ်ဝင်သွားသော ယုဒါအသံကြောင့်
ဒေါ်ယုနန္ဒာက အဖြေတစ်ခုကို ချက်ချင်းပေးလိုက်လိုက်သည်မှာ မြန်ဆန်လွန်းလှစွာ။"သွားနေလေ သားရဲ့၊ အရင်လည်း တစ်ပတ်
နှစ်ပတ်လောက် နေနေကျပဲကို ၊ သက်တိုင်အိမ်မှာဆိုရင် မေမေစိတ်ချပါတယ်၊ ဘွားခင်ကလည်း သားလေးကို ချစ်ရှာတာပဲလေ"
أنت تقرأ
Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)
عاطفيةမဆုံနိုင်တဲ့လမ်းကိုမှ ရွေးချယ်မိခဲ့တဲ့ ကျွန်တော့်ရဲ့ ရာဇဝင်ထဲမှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ မိုင်ယုဒါ................................🌟 မှတ်စက်တစ်ခုကို ဗဟိုပြုပြီး ဆန့်ကျင်ဘက် အရပ်သို့ ခရီးရှည် ထွက်သွားတဲ့ မျဥ်းနှစ်ကြောင်းဟာ သံသရာတစ်ကွေ့မှာ...