Part-1

3.7K 240 41
                                    

"ကျွတ်..သေချာ မမြင်ရဘူးကွာ"

Wang Yibo တစ်ယောက် ဝရံတာကနေ မှန်ဘီလူး တစ်လက်နဲ့ ဟို ဘက်ခြံကို ချောင်းနေသည်..

"$ငှက်စုတ်က မြင်ကွင်း အလှလေးကို လာကွယ်နေပြန်ပြီ..ရိုက်သတ်ပြီး ကင်စား ပလိုက်ရ"

မျက်လုံး ရှေ့ လာပျံနေသည့် ငှက်တွေကို ကျိန်ဆဲ ရတာလဲ အလုပ်တစ်လုပ်..

"ဟဲ့..Yibo"

"ဘာလဲ မအားသေးဘူး..မျက်စိအစာကျွေးနေတယ်..ပြောစရာရှိရင် နောက်မှပြော"

"မအေကိုများ..ဒီကလေးကတော့..ဒေါက်"

"အား..မား..နာတယ်ဗျ.ခေါင်း ကို မခေါက်နဲ့ အချစ်ရူး ရူးနေပါတယ်ဆို မားလုပ်လို့ ပိုရူးသွားဦးမယ်"

"တစ်နေ့တစ်နေ့ နင့်လောက် Zhanzhan လေ့ကျင့်ခန်း လုပ်တဲ့အချိန် Alarmပေးပြီး ချောင်းလိုက်ရတာ အမော..စာ ကိုသာ အဲ့လို လုပ်ရင် လား"

"စာထက် အချစ်က အရေးကြီးတယ်"

"အေး..အဲ့မှာ အရေးကြီးနေလိုက်..မနက်စာ မစားပဲ အဲ့တာပဲ ကြည့်နေလိုက်..နင့်လောက် ချောင်းတာလဲ နင်ပဲ..နင့်လောက် Zhanzhan နဲ့ ရန်ဖြစ်တာလဲ နင်ပဲ"

"ဘာဖြစ်လဲ.. Crush တာက Crushတာပဲ..ရန်ဖြစ်တာက ရန်ဖြစ်တာပဲ..ဒေါသတွေရဲ့နောက်မှာ အချစ်တွေရှိတယ်ဆိုတာ Zhan Geတစ်နေ့ မြင်လာမှာပါ..အဟီး"

ရောဂါရင့်နေတဲ့ သားတော်မောင် ကို ဘာမှ မပြောတော့ ပဲ Wang မားက ခေါင်းရမ်းကာ ထွက်သွားသည်..
Wang Yibဝရဲ့ တစ်နေ့တာ လုပ်ငန်း စဉ်ကတော့ အိပ်ရာက နိုးလာပြီဆိုထဲက စဉ်းစားတာက ဟိုဘက် ခြံက Crush ကြီး လေ့ကျင့်ခန်း လုပ်နေချိန် ငမ်းဖို့..အဲ..ကြည့်ဖို့ရယ်..
အဲ့ Crushကြီးနဲ့ ရန် ဖြစ်အောင် ဘာလုပ်​ ရင် ကောင်းမလဲ ဆိုတာ ရယ်..
ရှုပ်သွား ကြလား..အဟီး..ဟိုဘက်ခြံက ယုန် ဗလက ကျွန်တော့် ရဲ့ Crush..
Crushလဲ Crushတယ်..ပဲများလွန်းလို့ အမြင်လဲ ကတ်တယ်..
အခုလဲ ကြည့်..တီရှပ် အကျီင်္ လက်ကို ပခုံးပေါ် လုံးတင်ကာ ခြံ ပေါက်ဝမှာ ဟန်ရေးပြပြီး အလေးမ ပြရတာ အမော..
ခြံရှေ့က လာလာချောင်းတဲ့ ကောင်မလေး တွေကို လဲ ရယ် ပြ ရတာ အမော..

အံ့မယ်..အံ့မယ်..ကြည့်စမ်း..ဟို ကတုံးမ.. ဆံပင်ဖြင့် ဆယ်မွှေးတောင် မပြည့်ပဲ ငါ့ Geကို ငမ်းနေတာ ကြည့်စမ်း..

Zhan Ge!! Please love meDonde viven las historias. Descúbrelo ahora