၂၀၁၁ခုနှစ် ၁၁လပိုင်း ၂၂ရက်
ဝီပေါ်.. ..ဝီပေါ်..🚨အရေးပေါ်ကားသံတွေ...ခြေသံတွေကြားတယ် လူတွေအရမ်းများမယ်နဲ့တူတယ်
ငါဘယ်ကိုရောက်နေတာလဲ..
နောက်ကျိနေသည့်ခေါင်းကိုထိန်းကိုင်ရင်း မျက်ဝန်းနှစ်စုံကိုလေးပင်စွာဖွင့်လိုက်မိတယ် ဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်မိလိုက်တေ့ာ လူတယောက်ကိုစစ်ဆေးနေကျဟန်နဲ့တူတယ် မက်တပ်ရပ်ဖို့အလုပ် ကျွန်တော်လက်ကအရာတခုကိုသတိပြုမိသွားတယ်ဓားတလတ်ကိုဆုပ်ကိုင်ထားတဲ့သွေးများပေကျံနေတဲ့လက်တစ်စုံ ကျွန်တော်မူးနေတဲ့ခေါင်းဘယ်ရောက်သွားမှန်းမသိ ထိတ်လန့်သွားတယ်
ဘာတွေဘယ်လိုဖြစ်ပျက်နေတာလဲဆိုတာတွေးဖို့အလျင်မမီခင်....."ခင်ဗျားကိုလူသတ်မှုနဲ့ဖမ်းပါမယ် ရှေ့နေဌားပိုင်ခွင့်ရှိတယ်ပါးစပ်ပိတ်ပြီးကျုပ်တို့နောက်လိုက်ခဲ့ပေးပါ"
ဘာတွေဖြစ်ကုန်တာလဲ ကျွန်တော် မမမေကိုအလန့်တကြားလှမ်းကြည့်မိတယ် မမမေကကျွန်တော်ကိုစိတ်မကောင်းတဲ့မျက်နှာနဲ့ကြည့်နေတယ်ကျွန်တော်..ကျွန်တော်..လူသတ်မိလိုက်တယ်ပေါ့ ကျွန်တော့်ရဲဒီလက်၂ဖက်နဲ့လေ...............
ရဲစခန်းလူစစ်ဆေးခန်းအတွင်း၌
စာအုပ်ဖွင့်ပြီး ဘောပင်တစ်ချောင်းနဲ့ တစုံတရာကိုရေးမှတ်နေဟန်ရှိတဲ့ လူတစ်ယောက် ထိုလူရဲ့ရှေ့တွင် လက်ထိပ်ခတ်ခံပြီး တခုခုအလေးအနက်ထား တွေးတောနေတဲ့လူတယောက်ရှိနေလေသည်
"မောင်လေပြေသွေး ကိုရှင်းဆက်မာန်ကိုဘာလို့သတ်တာလဲ"
"မသိဘူး"
"ကိုရှင်းဆက်မာန်နဲ့ခင်ဗျားဘာရန်ညိုးရှိဖူးလဲ"
"သူကိုမသိဘူး"
ရှေ့ကမေးနေတာတွေ သွေး သူတခုမှမသိဘူး သူပြောတဲ့နာမည်လဲမသိဘူး သေသွားတယ်ဆိုတဲ့လူလဲသူတခါမမြင်ဖူးဘူး
"လူတစ်ယောက်ကိုဘယ်သူမှန်းမသိပဲသတ်မိလိုက်တယ်ပေါ့ဟုတ်ပြီ တရားရုံးရောက်မှဆက်ရှင်းကျတာပေါ့"
"ကျွန်တော်လူမသတ်ဘူး"
ကျွန်တော်ပြောတဲ့စကားကို ထိုလူကရယ်သွားတယ် မယုံဘူးလား ကျွန်တော်ဘယ်သူအားကိုးရမှာလဲ.....
YOU ARE READING
လေပြေနမ်းတဲ့ပန်း
Romance"ကိုယ့်ရဲ့ရင်ခုန်သံကိုမင်းကအစပြုတဲ့အတွက် ကျေးဇူးပြုပြီးမင်းပဲအဆုံးသတ်ပေးပါ ခလေးငယ်" မင်းထက်မာန္ "ကိုယ့္ရဲ့ ရင်ခုန်သံကိုမင်းကအစပြုတဲ့အတွက် ကျေးဇူးပြုပြီး မင်းပဲအဆုံးသတ်ပေးပါ ခလေးငယ် " မင်းထက်မာန် "ဘယ်အရေးမှာမှ ကံမကောင်းရင်တောင် အချစ်ရေးတော့ ကံကောင်းခ...