Part 4

25 9 2
                                    

'Sunflower ' Car service center & workshop

သွေးတစ်ယောက် ကားစီးလာရင်းလမ်းတလျောက်ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကြီးကိုကြည့်ပြီးစိတ်ထဲတဝိုးဝိုးတဝါးဝါးဖြစ်နေလေသည် ထိုစဉ်ကားကရပ်သွားသည်မို့ ဘေးပတ်ဝန်းကျင်ကိုကြည့်မိလိုက်သည် ရပ်လိုက်သည့်နေရာက ကားဝပ်ရှော့ကို ရောက်နေခြင်းပင် နေပါဦး ကားပြင်ဖို့နေရာကဒီလောက်ကြီးစရာလိုလို့လား တကယ်ပါ လုံးဝအကျယ်ကြီး စက်ရုံဆိုရင်တောင်၂ရုံလောက်အသာလေးဆောက်လို့ရတယ် ဘေးကိုလူကိုကြည့်မိတော့ ဆင်းဖို့ပြင်နေပြီဖြစ်သည် ထိုကြောင့်သူလဲဆင်းဖို့ပြင်နေစဉ်...........

"ဘယ်ဟာကိုဘယ်လိုဖွင့်ပြီးထွက်ရမှာပါလိမ့

ိုလူကြီးကတော့ တွန်းဖွင့်ပြီးဆင်းသွားတာပဲ သူတွန်းကြည့်တယ် ကားကဘယ်လိုမှပွင့်မလာဘူး
အားနဲ့ကန်ကြည့်တယ် ဒါလဲပွင့်မလာဘူး ထို့ကြောင့်သူတွေးမိလိုက်သည်က
ပြောတော့ဖြင့်BMWလေးဘာလေးနဲ့ ကားတခါးတောင်ဖွင့်မရဘူး ဟွန့် သံချေးကိုက်နေတာနဲ့တူတယ် တော်တော်နဲ့ဖွင့်မရဘူး ဘယ်လိုလုပ်ရပါ့
"အား.....အီး......အူး......."
တံခါးမဖွင့်ပဲငါဘယ်လိုထွက်ရမှာလဲ ဟိုလူကလဲ ထွက်သွားတာလှည့်တောင်မကြည့်ဘူး စိတ်ညစ်ပါတယ်



ထိုစဉ် မာန်သည်လဲ ကားပြင်ဆရာနဲ့စကားပြောပြီး
ဧည့်ထိုင်နေရာတွင်ထိုင်နေလိုက်သည်

ဟိုကောင်လေးဘာလို့ဆင်းမလာသေးတာပါလိမ့် သူဒီမှာထိုင်နေတာဖြင့်တော်တေယ်ကြာနေပြီကို စိတ်ထဲထင့်နေ၍ ကားဆီတစ်ခေါက်ပြန်သွားလေသည်

ကားတံခါးအားဆွဲဖွင့်၍

"မင်းဘာလို့ဆင်းမလာသေးတာလဲ"


wow...ဟိုလူဘယ်လိုဖွင့်လိုက်တာလိုက်တာလဲမသိ တံခါးက 'ဗန်း'ခနဲ့ပွင့်လာလေသည် သူကျတော့တွန်းကန်ပြီးဖွင့်တာတောင်ပွင့်မလာဘူး
သူအားစိုက်ကြည့်နေသောထိုလူကြောင့် ရီပြလိုက်သည်


"ဟီး....တံခါးဘယ်လိုဖွင့်ရမလဲမသိလို့ တွန်းကန်ပြီးဖွင့်တာလဲပွင့်မလာဘူး"


"ဘာ!....မင်းကားတံခါးလေးတောင်မဖွင့်တတ်ဘူးလား ဘယ်ခေတ်ကလာတာလဲ"
"အာ့ကားတံခါးဘေးနံရံကိုကြည့်လိုက် မင်းလက်နားလေးမျာ မောင်းတံလေးရှိတယ် အာ့လေးကိုဆွဲလိုက်"



လေပြေနမ်းတဲ့ပန်းWhere stories live. Discover now