Part 2

91 6 2
                                    

၂၀၁၉ခုနှစ် ၆လပိုင်း

ကောင်းကင်၌မိုးများညိုမှိုင်းနေလေ၏ မိုးနံ့သင်းသောလေပြေများသည်လည်းတိုက်ခတ်လျက်ရှိနေသည် ရန်ကုန်မြို့အတွင်း၌လူအများသည်လည်းလှုပ်ရှားသွားလာနေကျသည်.......

D&K ကုမ္ပဏီ အစည်းအဝေးခန်း၌
အရှေ့ Projector ပေါ်၌အကြောင်းအရာကို Presentation လုပ်နေသည့်အသံမှလွဲပြီးတိတ်ဆိတ်လျက်ရှိနေလေ၏ ထိုအခြေအနေသည်အိပ်ငိုက်ချင်စရာကောင်းလှသော်လည်း အိပ်ချင်စိတ်ဖြစ်မပေါ်ပဲ ထိုလူတို့ရင်တုန်နေကျရသည် ထိုသို့ဖြစ်ရသည်ကားစည်းကမ်းကြီးလှပြီးတခါတလေမှသာကုမ္ပဏီသို့ရောက်လာတတ်သည့် Bossကြောင့်ပင်ဖြစ်သည် ကျန်တဲ့အချိန်PMနှင့်သာလွဲထားပြီး စိတ်ပေါက်မှသာ ကုမ္ပဏီကိုရောက်ချလာတတ်Bossသည် ယခုအခါတွင်PMနှင့်သာလုပ်ဖြစ်သော Meeting ကိုPMမအားသောကြောင့် Bossကတတ်ရောက်သည်ထင်၏ ဘာအကြောင်းအရာမှမဆိုသေး မျက်ခုံးများတွန့်ချိုးကာ အလိုမကျနေသောBossကြောင့် ဝန်ထမ်းများစိတ်ထဲတွင်ဘုရားတနေကျရလေသည်
ရောက်လာပြီးလျှင်လဲ ကုမ္ပဏီ ထဲသို့ပတ်ကြည့် တရုံးလုံးကိုအပစ်ရှာပြီး သူ့မျက်စိထဲအလိုမကျတဲ့လူဆိုတခါထဲထုတ်ပြစ်တတ်တာကြောင့် ဝန်ထမ်းများ၏စိတ်ထဲတွင်Bossနဲ့မဆုံရအရေးသူတို့အရေးပင်ဖြစ်လေသည်

"မင်းတို့လုပ်နိုင်တာဒါအကုန်ပဲလား"

ထိုအသံသည်ပုံမှန်ဖြစ်သော်လည်း အရှေ့တွင် Presentation လုပ်နေသည့် ဌာနမှူးသည် Projector ကိုထောက်ပြနေသည့် ဒုတ်ကိုဆုပ်ကိုင်ထားသောလက်ပင်ချွေးထွက်သည်ကိုခံစားမိသည် တကိုယ်လုံးချွေးစေးပြန်လာသလိုပင်ဖြစ်နေလေပြီ

"Bossသဘာမကျရင်ကျွန်တော်တို့နောက်တလောက်ထပ်ကြိုးစားကြည့်ပါမယ်"

ပြောလိုက်သည့်အသံကိုပင်တုန်မသွားအောင်မနည်းထိန်းရသည်

"အလုပ်ကိုတခါထဲပြီးအောင်မလုပ်နိုင်ဘူးလား"

Bossနဲ့စကားပြောဖို့ရင်ချက်ချင်းReplyပြန်ဖို့အရင်ကျင့်ရမည် ဘာကြောင့်ဆိုတော့ Bossကိုမြင်လျှင်ပြောဖို့စကားပင်ပျောက်ရှသွားသည့်အကြည့်စူးစူးဖြင့်ကြည့်တတ်သောကြောင့်ဖြစ်သည်။အခုလဲဘာပြန်ဖြေရမလဲမသိအောင်ဖြစ်နေလေ၏

လေပြေနမ်းတဲ့ပန်းWhere stories live. Discover now