3week later........
'Change ' Bakery &Book cafe
At 7:00
"ခွဲမသွားနဲ့.. ငါရဲ့ဘေးမှာ.နင်နေပါနော်....
အတူမျော်လင့်တဲ့လက်ထပ်ပွဲ..အချိန်အခါတစ်ခုတော့ရောက်လာမယ်......"
သီချင်းလေးညည်းရင်း ဆိုင်အတွင်းသန့်ရှင်းရေးလုပ်နေသော သွေး
သူဒီကိုရောက်တာ ၁လနီးနီးပြည့်တော့မယ် Bossက ဆိုးတယ်ထင်ရပေမယ့် စိတ်ရင်းကကောင်းသား
Bossဆိုတာလေ ကျွန်တော်နဲ့ဟိုးအရင်ကသူကားကိုခြစ်မိလို့ လျော်ကြေးတောင်းတဲ့တစ်ယောက်ပါ
အခုကျွန်တော်က သူပေးတဲ့အလုပ်မှာလုပ်နေရတော့ ကျွန်တော့် Bossပေါ့ ထိုလူရဲ့နာမည်က 'မင်းထက်မာန်' တဲ့ လူတင် တင်စီးတာမဟုတ်ဘူး လူကပါ မာန်တတ်နေတာ ဒါပေမယ့် သူကိုကူညီတာပဲကျေးဇူးတင်လှပါပြီ
Bossကို ဆိုင်ကဝန်ထမ်းတွေကအတော်ကြောက်ကျတယ် သူကိုခေါ်လာတဲ့နေကဆို ဝင်လာတာမြင်တာနဲ့အကုန်ခေါင်းငုံ့ထားကျတာ
ကျွန်တော့အမြင်မှာတော့ ထိုလူကအာ့လောက်ကြောက်ဖို့ကောင်းမနေပါဘူးအခုရက်ပိုင်း ဝိတ်တာလုပ်ရင်းကြားလာတဲ့
ဟိုစကားပုံလိုပေါ့ 'လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်ပါနဲ့သင်မြင်ရတာ သူရဲ့စာအုပ်မျက်နှာဖုံးပဲရှိသေးတာပါ'တဲ့ အာ့စကားကြားပြီး သူBossကိုအားနာသွားတယ်
ဒါပေမယ့် အကောင်းဘက်ကပြန်တွေးကြည့်ရင်တော့ Bossနဲ့ကတောက်ကဆဖြစ်ပြီး ဒီလိုနေစရာ အလုပ်လုပ်စရာရလာတာမဟုတ်လား တမျိုးထပ်တွေးရင်တော့ကံကြမ္မာပေါ့
သူBossကိုမတွေ့တာ အတော်ကြာပြီ သူဒီဆိုင်ရောက်ပြီးနောက်တရက်ကနောက်ဆုံးတွေ့တာပဲ. အာ့နေ့ကကျွန်တော်တို့ကားပြင်ဆိုင်ကပြန်လာပြီ ဆိုင်ကိုရောက်တဲ့အချိန်က ညနေ၄နာရီလောက် ဖြစ်နေပြီ..
ဆိုင်ကအပြင်ဘက်ကကြည့်ရင်တော့ သိပ်မကြီးသော်လည်း အထဲဘက်တွင်တော့အတော်ကျယ်သည် ဆိုင်က၂ထပ်ဖြစ်သည့်အလျောက် အမျိုးအစားလဲ ခွဲထားသည် အပေါ်ထပ်သည် Book&cafe ဖြစ်ပြီး
အောက်ထပ်အကျယ်တွင် Bakery နဲ့အခြားစားသောက်စရာမျိုးစုံ ရသည် ဆိုင်သည် နာမည်ကြီးမဟုတ်သော်လည်း လူအတော်များစွာ လာသည် အာ့နေ့ကBossလာတော့ ဝန်ထမ်းတွေအကုန်ကို meeting ခေါ်၍ သူကိုဒီမှာအလုပ်လုပ်မှာဖြစ်ကြောင်းပြောသည်
လိုအပ်တာမှာသည်ပြီးနှင့် သူကိုအပေါ်ထပ်ကိုခေါ်သွားသည်..
Book cafeရဲ့ အနောက်ဘက်ခြမ်းကိုဝင်သွားသည်
ထို့နောက် အခန်း၃ခန်းကိုတွေ့သည် ထိုအခန်းထဲမှ တစ်ခန်းကိုလက်ညိုးညွှန်၍ သူနေ၍ရကြောင်းပြောပြီး ထိုအခန်းနှင့်အနည်းလှမ်းသည့်အခန်းသည် ရေချိုးခန်းနှင့်အိမ်သာဖြစ်ကြောင်းပြော၍
မျက်နှာချင်းဆိုင်အခန်းထဲဝင်သွားသည်
ထိုအခါသူသည် သူကိုပေးထားသောအခန်းထဲသို့ဝင်လိုက်တော့သည်
အခန်းသည်သန့်ရှင်းမနေ ဖုန်ပေါင်းသောင်းခြောက်ထောင်နှင့် ဘာမှန်းမသိသည့်ပစ္စည်းအတိုအစပေါင်းများစွာကြောင့် ဒီအခန်းစတိုခန်းအဖြစ်လုပ်ထားသည့်အခန်းဟုသူတွေးလိုက်သည် ထို့နောက်သူနေထိုင်ဖို့ရာဒီအခန်းကိုသန့်ရှင်းရေးလုပ်ဖို့အရင်လိုသည် ထို့ကြောင့် သူပါလာသည့်လွယ်အိတ်အစုတ်လေးအား ထောင့်တခုတွင်ချ၍ အောက်ထပ်သို့ဆင်းပြီး တံမြတ်စည်း အရင်သွားတောင်ရသည် တံမြတ်စည်း လှည်း ပြန့်ကျဲနေတာတွေစုပုံပြီး ထိုအထဲတွင် သူအခင်းလုပ်လို့ရသည့် ဖော့ရွက်ကြီးကိုယူထားလိုက်သည် လူနေလို့ရသည်ဟုမဆိုပေမယ့် ကျောတစ်ခင်းစာကို လုံလုံ ခြုံ ခြုံ နေလို့ရပါပြီးမဟုတ်လား ....
YOU ARE READING
လေပြေနမ်းတဲ့ပန်း
Romance"ကိုယ့်ရဲ့ရင်ခုန်သံကိုမင်းကအစပြုတဲ့အတွက် ကျေးဇူးပြုပြီးမင်းပဲအဆုံးသတ်ပေးပါ ခလေးငယ်" မင်းထက်မာန္ "ကိုယ့္ရဲ့ ရင်ခုန်သံကိုမင်းကအစပြုတဲ့အတွက် ကျေးဇူးပြုပြီး မင်းပဲအဆုံးသတ်ပေးပါ ခလေးငယ် " မင်းထက်မာန် "ဘယ်အရေးမှာမှ ကံမကောင်းရင်တောင် အချစ်ရေးတော့ ကံကောင်းခ...