ဆူးလေးမြို့တွင်းတနေရာ၌
ကောင်လေးတယောက် သည်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့်အလုပ်ရှာနေသည်ကိုတွေ့ရမည်ဖြစ်သည်
မိုးအုံ့ပြီးလေမတိုက်ဘာမတိုက်နဲ့ ပူစပ်ပူလောင်ဖြစ်နေသည့်ရာသီဥတုကိုသွေးတစ်ယောက်အလိုမကျဖြစ်မိနေ၏ လမ်းလျောက်ရတာများနေပြီမို့ မောနေပြီဖြစ်သည်
ထို့ကြောင့် ရေသန့်ဗူးလေဝယ်ကာ အရိပ်ရှိတဲ့သစ်ပင်ရိပ်အောက်လေးမှာ ခြေပသ်လက်ပစ်ထိုင်ကာ အနားယူနေမိ၏ သူအပြင်လောကကိုရောက်နေသည်မှာ၁ပတ်ပင်ပြည့်တော့မည်ဖြစ်သည် ပထမ၁ရက်တွင် ဘကြီးကိုသွားကြည့်ချင်၍ သူအရင်နေခဲ့သည့် နေရာကို တိတ်တိတ်လေး သွားခဲ့သေးသည် လှည်းတန်းဆိုသည်နေရာသည်အရင်ထဲကလူစည်သည်ဖြစ်သော်ဌားလဲ ယခုအခါတွင်မှု မြိုအလယ်လိုပင်ဖြစ်နေပြီဖြစ်သည် busကားဆိုသည်မှာလဲ ပေါသော အဌားယာဉ်ဆိုလဲ အတော်ပင်များနေပြီ အရင်ကဆို ကျောင်းသွားကျောင်းပြန် ၃၉ဗိုက်ပူကားတွေနဲ့ သွားရလာရတာ အခုတော့သွားရလာရအဆင်ကိုပြေလို့ အရင်တုန်းကဆိုဈေးဝယ်ရတာခက်ခဲသလောက် အခုများ ဈေးတန်းတွေလဲပေါလာသည်ကိုတွေ့ရသည် ပြီးတော့ ကျွန်တော်ခေတ်တုန်းက shopping mallဆိုလို့ super one market ပဲရှိတာ အခုများ လှည်းတန်းမှာတင် ၂ခု၃ခုရှိနေပြီ သူအပြင်လောကကိုမမြင်ရတဲ့၇နှစ်တာမှာ ပြောင်းလဲသွားသည့်မြို့တော်ကြီးကိုကြည့်၍ သူမှာပါးစပ်တောင်မပိတ်နိုင်ဖြစ်ခဲ့ရသည် သွားသည့်လမ်းတလျောက်မှာလဲ စားသောက်ဆိုင်ဈေးဆိုင်ဆိုတာက ပွဲဈေးကျလို့ ကျွန်တော်နေခဲ့တဲ့ နေရာကိုပင်မနည်းရှာခဲ့ရသည် ရှာတွေ့ပြန်တော့လဲ အရင်ကအိမ်တွေအစား တိုက်ကြီးတွေဆောက်ထားသည်မို့သူမှာအစအနပျောက်ရရှာပြီ ထိုကြောင့်စိတ်ညစ်ညစ်ဖြင့် ပြန်ထွက်လာပြီး အလုပ်လုပ်ဖို့ စတင်ရှာဖွေရတော့သည် အလုပ်ရှာရင်းကနေဆူးလေဆိုသည့်ဘက်သို့ရောက်လာခြင်းပင်ဖြစ်သည် မိုးကသာအုံ့မှိုင်းနေတာ လူကချွေးတစီစီထွက်နေပြီ နေမပူတာပဲကျေးဇူးတင်ရမလိုဖြစ်နေပြီ ဒီလိုပူကလောင်ကကြားထဲ အလုပ်ကရှာလို့မရ စိတ်အတော်ပင်ညစ်ပြီဖြစ်သည် အခုချိန်ထိ လေပြေသွေးတစ်ယောက်မငတ်သေးသည်မှာ ထောင်ထဲရောက်နေသည့်အတွင်း ခင်မင်ခဲ့သည့်အကိုတွေက ပိုက်ဆံနည်းနည်းစီနဲ့ အဝတ်အစားလေးတွေပေးလိုက်သောကြောင့် မငတ်မပြတ် ဝတ်ရစားရနေရခြင်းပင် ထို့နေ့က သူအတော်ပင်ဝမ်းနည်းလို့ဖက်ပြီးငိုခဲ့ကျသေးသည် ပိုက်ဆံတွေအားများလို့မယူဘူးပြောသော်လည်း အကိုတွေက ညီလေးကဒီပိုက်ဆံကဒီနေ့ခေတ်မှာဘယ်လောက်မှ သုံးမရဘူးဟူ၍အတင်းထိုးပေးသွားကျသည် (ကိုယ်တွေကထောင်ထဲမှာတောင်အချစ်ခံရတာ)
လက်ထဲပိုက်ဆံလဲသိပ်မကျန်တော့သည်မို့ သူအလုပ်ရရန်လိုပါသည် ဒီအတိုင်းဆိုနောက်ရက်တွေသူ တောင်းစားရတော့မည်..မိုးနတ်မင်းကြီးရေကျွန်တော်မျိုးကိုတချက်လောက်ငဲ့ကြည့်ပါဦး.... စိတ်ရှိလက်ရှိသာဆိုအော်ငိုပြီးသွားပြီ
အခုဟာကငိုယုံနှင်မပြီးသေးသည်မို့ အံကြိတ်သည်းခံထားယုံသာတတ်နိုင်တော့သည်
ထိုစဉ် မိုးဖွားများကျလာသည်မို့ သွားရင်းလာရင်း ထီးတချောင်း၁ထောင်ဟူကာရောင်းနေသည့်ဈေးသည်ဆီက ဝယ်ခဲ့သည့် ထီးစုတ်လေးအားထုတ်ဆောင်းရင်း ရှေ့ဆက်သွားတော့သည်

YOU ARE READING
လေပြေနမ်းတဲ့ပန်း
Romance"ကိုယ့်ရဲ့ရင်ခုန်သံကိုမင်းကအစပြုတဲ့အတွက် ကျေးဇူးပြုပြီးမင်းပဲအဆုံးသတ်ပေးပါ ခလေးငယ်" မင်းထက်မာန္ "ကိုယ့္ရဲ့ ရင်ခုန်သံကိုမင်းကအစပြုတဲ့အတွက် ကျေးဇူးပြုပြီး မင်းပဲအဆုံးသတ်ပေးပါ ခလေးငယ် " မင်းထက်မာန် "ဘယ်အရေးမှာမှ ကံမကောင်းရင်တောင် အချစ်ရေးတော့ ကံကောင်းခ...