Heart-searching 💗
Part-20
တနေ့က စိတ်ဆိုးပြီး ပြန်သွားကတည်းက Chanyeol က ဖုန်းမဆက်တော့ဘူး။ ဆိုင်မှာ တွေ့လည်း ရုပ်တည်ကြီးနဲ့ ကျွန်တော့်ဆီ လှမ်းလည်း ကြည့်မလာသလို အပြန်လည်း လိုက်မပို့တော့ဘူး။ Chanyeol က အများကြီး စိတ်ဆိုးသွားပုံပါပဲ။
သူ့ဘက်ကမှ ဖုန်းမဆက်ရင် ကျွန်တော့်ဘက်က စပြီး ဖုန်းဆက်ဖို့ကိုလည်း အခုထိ မရဲတင်းသေးဘူး။ ဒါပေမယ့် အခုတော့ ဖုန်းဆက်ဖို့ သတ္တိမွေးရတော့မှာပါပဲ။ Chanyeol က ဘယ်လိုအချစ်ခံရမယ်ဆိုတာ ကောင်းကောင်းကြီး သိပုံရတယ်။
စာမေးပွဲဖြေနေရတာမို့ နာရီပိုင်းလေး ကျောင်းလာပြီးတာနဲ့ ပြန်ရတယ်....နေ့လည် ထမင်းစားချိန်ပေမယ့် ဒီနေ့ကျမှပဲ နေက ပူလိုက်တာလေ။ ခေါင်းထဲမှာ Chanyeol စိတ်ဆိုးပြေအောင် နားလည်မှုလွဲတာတွေ ပြေသွားအောင်လို့ ဘယ်လိုလုပ်ရမလဲပဲ တွေးနေတာမို့ အခုလည်း ကျောင်းလာကြိုဖို့ ဖုန်းဆက်လိုက်ရမလားလို့ တွေးမိပြန်တယ်။ မသိတော့ဘူး.... တွေ့ချင်လှပြီ
ဖုန်းနံပါတ်လေး နှိပ်လို့ ဖုန်းဝင်နေတဲ့ အသံကို ရင်တထိတ်ထိတ်နဲ့ နားထောင်နေရတာလည်း ရင်ခုန်နှုန်းတွေ မြန်လွန်းတယ်....
" ဘာလဲ "
အသံခပ်ဩဩနဲ့ ပြန်ထူးတဲ့အသံက ပြောမယ့်စကားတို့တောင် ပျောက်ကုန်တယ်။ ကျွန်တော့် ကမ္ဘာကြီးက စိတ်ဆိုးနေတာ ပြင်းထန်လိုက်တာ!
" Chan..Chanyeol "
" ဘာလဲ "
သို့သော်လည်း အသံက ကလေးဆိုးကြီးတစ်ယောက် ကောက်နေတဲ့ အသံ။
" ဟို..ဟိုလေ , ကျွန်တော် ကျောင်းက ပြန်မလို့လေ.... အဲ့ဒါ နေကလည်း ပူနေတယ် , ကျွန်တော် ဗိုက်လည်း ဆာနေတာ... Chanyeol လာခေါ်ပါလားဟင် "
ပြောလိုက်တော့ တစ်ဖက်က ငြိမ်သွားတာ သိသိသာသာ.... ထို့နောက် ပြန်ပြောလာပါ၏။
" ကိုယ့်အချစ်ကို အထင်သေးတဲ့ သူကိုတော့ လာကြိုမပေးနိုင်ပါဘူး ! ဆိုင်မှာလည်း လူကျနေတာ "
" ဟင်....ဒါဆို ကျွန်တော်က နေပူကြီးထဲမှာ တစ်ယောက်တည်း ပြန်ရမှာလား , အဟင့်.... Chanyeol က ဘာလို့ စိတ်ဆိုးနေတာလဲလို့ "