Heart-searching 💗
Part-2
ဒီနေ့ ဆိုင်မှာအလုပ်ဝင်တာ ဒုတိယမြောက်နေ့။
ကိုယ့်ရင်ခုန်သံကို စစ်ဆေးရဦးမယ့် တစ်နေ့ပေါ့။အိမ်ရဲ့ ထောက်ပံ့မှုကြောင့် ကွန်ဒိုမမည်တဲ့ တိုက်ခန်းလေးတစ်ခုမှာ သက်တောင့်သက်သာ နေထိုင်ခွင့်ရသည်။ ဟိုနားဒီနားကို မပင်ပန်းပဲ ရောက်အောင်သွားနိုင်ဖို့ စက်ဘီးလေးတစ်စီးတော့ ကိုယ်ဝယ်ထားနိုင်သည်။ ဒါ့ကြောင့် တိုက်အောက်ရှိ အပြင်ဘက် ကားပါကင်လေးမှာ ရပ်ထားတတ်တဲ့ စက်ဘီးလေးကို ယူကာ လေညှင်းခံနင်းရင်း အလုပ်သွားဖို့ တက်ကြွနေပါ၏။
ဆိုင်ကိုရောက်တော့ တံခါးတွန်းဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ကောင်တာကလူ။ တစ်နည်းအားဖြင့် ကိုယ့်ရင်ခုန်သံလေး။ ဒီနေ့တော့ သူဆိုင်ထိုင်ရပုံပါပဲ။ မင်္ဂလာပါလို့ နှုတ်ဆက်တော့ ပြုံးပြလာရင်း ပြန်နှုတ်ဆက်တဲ့သူ....
ဖော်ရွေတာလည်း ကိုယ် ရင်ခုန်ရတဲ့ တစ်ချက်။ယူနီဖောင်းမရှိတဲ့အတွက် ယောကျာ်းလေး ခါးစည်း အေပရွန်တစ်ခုကိုသာ ချည်နှောင်လို့ အလုပ်စလုပ်ရသည်။ နွေရာသီဖြစ်တာမို့ အလုပ်လုပ်ရင်း ချွေးထွက်လာရပြန်သည်။ နဂိုလည်း အပူကြောက်တတ်တာမို့ ဧည့်သည်မရှိတာနဲ့ကို ယပ်တောင်ရှာကာ ယပ်ခတ်ရပြန်၏။ လေသန့်စက်ရှိပေမယ့် ဝန်ထမ်းတွေ နေရာအထိ မအေးနိုင်။
ထိုအချိန် ကောင်တာကနေ မီးဖိုချောင်ရှိရာဆီ လျှောက်လာတဲ့ Chanyeol က ကောင်တာနဲ့ မီးဖိုချောင်ကြား အပေါက်ဝမှာ ယပ်ခတ်နေတဲ့ ကျွန်တော့်ကို မြင်သွားပုံရသည်။ ထို့နောက်....
" ပူလို့လား " ဆိုတဲ့ စကားတစ်ခွန်းကို ပထမဆုံးအကြိမ် ပြောလာ၏။ ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲ !
ဘာမှပြန်မဖြေရသေးခင် ပြူးကြောင်ကြောင်ဖြစ်သွားရတဲ့ ကျွန်တော့်ကို သူက ခပ်ဟဟ ရယ်ကာ မီးဖိုချောင်အတွင်းသို့ ဝင်သွား၏။
Chanyeol ရေမွှေးနံ့လေးက မွှေးတယ်။ ယောကျာ်းလေးပီပီ ထိုရေမွှေးနံ့ကို ရင်းနှီးနေပေမယ့် Chanyeol ဆီက ရတဲ့ ရေမွှေးနံ့လေးက ပိုမွှေးတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီတိုက်ရိုက်ပြောလာတဲ့ စကားလေးတစ်ခွန်းရှိလာတာမို့ ရင်ထဲကြည်နူးမှုက မျက်နှာမှာပါ ဖုံးဖိ၍ပင် မရ။ အလုပ်လုပ်နေတဲ့ တစ်လျှောက်လုံး ကိုယ့်မှာ ပြုံးနေမိလို့ SungBin hyung ကတောင် ဘာပျော်စရာရှိလဲလို့ မေးလာသည်။