Heart-searching 💗

3.4K 594 20
                                    

Heart-searching 💗

Part-28

ဒီကနေ့တော့ Chanyeol က မနက်စောစောတည်းကပင် နိုးနေကာ ယောက္ခမဖြစ်သူနဲ့ ဆိုင်လိုက်ဖို့ စိတ်အားထက်သန်နေတယ်။ ဘယ်အရာမှာမဆို စိတ်နှစ်ပြီး ကြိုးစားချင်စိတ်ရှိပေမယ့် ထိုအရာက Baekhyun နဲ့ ပတ်သက်ရင် ပိုလို့ စိတ်အားထက်သန်စေတယ်။ သူက Baekhyun ကို လက်ဆောင်ပေးချင်တာ ....

" နိုးနေပြီလား သားလေး , ငယ်လေးရော "

" Baekhyun က အိပ်နေတုန်း အမေရဲ့ , ကျွန်တော်က ဆိုင်လိုက်ချင်လို့ စောစောထလာတာ "

" ဟား ဟား , ဟုတ်ပါပြီကွယ် ... မနက်စာ စားပြီး ထွက်ကြတာပေါ့ "

Baekhyun အမေက ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးပြီး ဆိုင်ကို ထွက်လာတော့ Chanyeol ကလည်း ဘေးကနေ ကပ်ပါလာတယ်။ ဖော်ရွေတတ်တဲ့ အကျင့်လေးကြောင့် လူကြီးတွေနဲ့လည်း အဆင်ပြေအောင် ပေါင်းတတ်လေတော့ ယောက္ခမလောင်းကလည်း သဘောကျနေတယ်ထင်ပါရဲ့။

" သားငယ်လေး နိုးရင် လိုက်ရှာနေဦးမယ် "

" ညတည်းက ကြိုပြောထားတာ အမေ , နိုးရင် လိုက်လာခဲ့မယ်လို့ပြောတယ် "

" အေးကွယ် ... သားငယ်လေးကို မြို့မှာ တစ်ယောက်တည်း လွှတ်ထားရတာလည်း စိတ်မချပါဘူး, သူ့ခြေထောက်ပေါ်ပဲ သူရပ်ချင်တာတဲ့လေ ... ဘယ်လိုပြန်ခေါ်ခေါ် မရဘူး"

" Baekhyun က လိမ္မာပါတယ် အမေရဲ့ ... နောက်ပြီး ကျွန်တော်လည်း ရှိတာမို့ စိတ်ချပါ "

" သားကိုပဲ အပ်ပါတယ် , အဲ့ဒီကလေးက ခေါင်းမာရင် ဘယ်သူဘာပြောပြော လက်မခံဘူး ... အမေ့မှာ သူ့ပဲ စိတ်ပူနေရတာ "

စကားတပြောပြောနဲ့ပဲ ဆိုင်ခင်းတာ ကူညီပေးဖြစ်တယ်။ အများစုက Baekhyun ငယ်ငယ်က အကြောင်းတွေဖြစ်ပြီး အသည်းယားစရာ အမူအကျင့်လေးတွေလည်း သိခဲ့ရတာမို့ ကိုယ် အူယားရသေးတယ်။

" လာ ... သား , ဒါကို အရင်ဝတ် "

အေပရွန်အညိုရောင်လေး ကမ်းပေးလာတော့ အရင်ဝတ်လိုက်ရသေးတယ်။ နောက်ပြီး ကိုင်ပုံကိုင်နည်းကအစ အရင်ပြကာ ကိုယ့်ကိုလည်း စနစ်တကျ သင်ပေးတယ်။

" ဒါနဲ့လေ အမေ ... ကျွန်တော် လုပ်တတ်သွားရင် ပုံစံအဆန်းလေးတွေလည်း လုပ်လို့ရတယ်မလားဟင် "

Heart-searching Where stories live. Discover now