Heart-searching 💗
Part-25
" ကျွန်တော်တို့ ဝေးကြရအောင်နော် Chanyeol "
Baekhyun စကားကို ကြားပြီးတာနဲ့ Chanyeol က ငြိမ်ကျသွားလိုက်တာ ။ Baekhyun ပုခုံးကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေလည်း ပြေကျလို့။ အသက်ရှုသံတွေလည်း ပြင်းလို့ ။ ခဏကြာတော့မှ စကားစလာတယ်...
" ကိုယ့်အချစ်ကို မယုံလို့လား "
Baekhyun ခေါင်းခါတယ်။
" ကိုယ် Baekhyun ကို မချစ်ဘူး ထင်လို့လား "
Baekhyun ထပ်ပြီး ခေါင်းခါလာတယ်။
" သူ ငါ့ကို မချစ်ဘူး ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာအောင်များ ကိုယ် နေခဲ့မိလို့လား "
ဒီတစ်ခါလည်း Baekhyun က မျက်ရည်တွေကြားထဲက ခေါင်းခါပြလာတယ်။
" ကိုယ် မင်းကို စိတ်ဆိုးတယ် Baekhyun "
" Chanyeol ~~~ "
" ကတိပေးထားပြီး ကိုယ့်ကို အရူးလုပ်ချင်နေတာ "
" မဟုတ်ပါဘူး... မဟုတ်ပါဘူး Chanyeol ရယ် , ကျွန်တော် ဘာလို့ ဒီလိုတွေ ပြောရလဲဆိုတာ Chanyeol အသိဆုံးဖြစ်မှာပါ, sob နားလည်ပေးမယ်မဟုတ်လားဟင် "
ထိုအခါ Chanyeol က ထိုင်နေရာကနေ ဆက်ခနဲ ထရပ်ကာ Baekhyun ကို နောက်ကျောခိုင်းလိုက်တယ်။
" မင်း ကိုယ့်ဘက်ကို မကြည့်ဘူး !! တစ်ဖက်တည်း တွေးနေတာ !! အခုလိုမျိုး အခြေအနေက ကိုယ့်ကို ပျော်ရွှင်စေမယ်လို့ တွေးနေတာလား "
" ဝေးဖို့ အကြောင်းဆိုတာ မရှိဘူး Baekhyun !! ထပ်ပြောလာရင် ကိုယ် စိတ်ဆိုးမိမယ် "
အသံကျယ်ကျယ်နဲ့ ပြောကာ အခန်းပြင်ထွက်သွားတဲ့ Chanyeol က အများကြီး စိတ်ဆိုးသွားတာပဲ။ မျက်လုံးတွေ စုံမှိတ်ချပြီးတော့သာ အရာအားလုံး လက်လျှော့ချင်တော့တယ်။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့တာကိုတော့ Chanyeol က မတွေးဘူး။ ကျွန်တော်လည်း နာကျင်ရတာကိုတော့ Chanyeol က မမြင်ဘူး ။
ဘယ်သူကရော ဝေးချင်ပါ့မလဲ။
ဒီအတိုင်းဆက်ထိုင်နေလို့လည်း မပြီးတာမို့ ထိုင်နေရာက ဖြည်းဖြည်းချင်းထနေတုန်း တံခါးကို ဝုန်းခနဲ ဖွင့်ကာ အထဲပြန်ဝင်လာတယ် ။ လူက ကြာကြာထိုင်ထားတာရော သူ့ကြောင့်လန့်သွားတာရောကြောင့် ကုတင်ပေါ် ထိုင်လျက်သားသာ... ပြန်လည်း မထနိုင်သေးဘူး ။ မြင်မြင်ချင်း ဖြစ်သွားတဲ့ Chanyeol မျက်ဝန်းတွေက ခက်ထန်နေတဲ့ကြားမှာမှ စိုးရိမ်သွားသလို....