မောင်💧၂၂💧

3.1K 512 180
                                    

"ငါ့ကိုမောင်ကမမုန်းတော့တာလားဟင်"

Chanyeol အတော်ကြာတဲ့အထိပြန်မဖြေတော့မရဲတရဲလေးကြည့်နေပြန်သည်။

အဲ့ဒိBaekhyunကလေ မရဲတရဲလေးကြည့်ရင်ဘာပုံလေးမှန်းကိုမသိဘူး။
အင်းးးး ချစ်ဖို့ကောင်းတယ်ပဲဆိုရမလား...

"မောင် ဖြေအုံးလေ"

"မင်းဘယ်လိုထင်လဲ"

"မမုန်းတော့ဘူး..ထင်တာပဲ"

မမုန်းတော့ဘူးဆိုကာ ခဏရပ်သွားပြီးမှအသံတိုးတိုးလေးဖြင့်ထင်တာပဲလိုပြောလာတာကြောင့်Chanyeolတစ်ချက်ရယ်လိုက်ပြီး..

"အင်း မမုန်းတော့ဘူး"

"မောင်..မောင်ခုနကရယ်လိုက်တာမလား?။ငါ့..ငါ့ကြောင့်မောင်ရယ်လိုက်တယ်မလား?...အီးး..ဟီးး မောင်ငါ့ကြောင့်ရယ်ပြီ။ ငါ့ကိုပြန်ရယ်ပြခဲ့ပြီ။ဟင့်..ငါ့အတွက်ဖြစ်တည်လာတဲ့ပါးချိုင့်လေးကိုလွမ်းနေခဲ့တာမောင်ရ နောက်..နောက်ဆုံးတော့မောင်ကငါ့တစ်ယောက်ထဲအတွက်ပြုံးပြလာပြီ...ဟင့်"

သူ့အတွက်ပြုံးပြလာတဲ့ အပြုံးလေး..ပါးချိုင့်လေးဆိုပြီးငိုနေပြန်လေသည်။Chanyeolကတော့သဘောတကျပြုံးနေလိုက်သည်။Chanyeolပြုံးပြလာလို့ ထိုကောင်လေးကအရူးလေးလိုပျော်ပြီးငိုနေပြန်သည်တဲ့လေ။baekhyunကလေဘယ်လိုလေးမှန်းကိုမသိဘူး။

မောင်ပြုံးနေတယ်။ပါးချိုင့်လေးပေါ်တဲ့အထိကိုပြုံးနေတာ..Baekhyunပါးချိုင့်လေးကိုထိကြည့်ချင်နေမိတယ်။သို့သော် ယခုအခြေနေအရမဖြစ်နိုင်သေးတာမို့ဆန္ဒကိုချိုးနှိမ်လိုက်ရသည်။တစ်ချိန်မှာတော့ထိတွေ့ခွင့်ရမှာပါလို့ယုံကြည်ရင်း ငိုလျက်မောင့်မျက်နှာကိုငေးကြည့်နေမိသည်။ ပါးချိုင့်လေးခွက်ဝင်တဲ့အထိပြုံးနေတဲ့မောင်က သိပ်ချောလွန်းတာကြောင့် အကြည့်နဲနဲလေးတောင်မလွှဲနိုင်၍ပင်။

တော်တော်နဲ့အငိုမတိတ်လာတာကြောင့် Chanyeolကပဲချော့ဖို့ပြင်ရတော့သည်။တကယ်အငိုသန်လိုက်တာကွာ။

"ကဲ ငိုပဲငိုနေတော့မှာလားBaekhyun"

"ဟင့် ပျော်..ပျော်လို့ပါ"

"မင်းကပျော်လဲငိုတာပဲ ဝမ်းနည်းလည်းငိုတာပဲလား?"

"အရင်က..အရင်က..ငါ့လောက်အသည်းမာတာငါပဲရှိတာ..မောင့်ကိုချစ်မိပြီးထဲက..ငါဘာလို့ပျော့ညံ့သွားလဲမသိတော့ဘူး။မောင်ငါ့ကိုတစ်ခုခုဂရုစိုက်ပြတာတို့ဆိုရင်တောင် ပျော်လွန်းလို့ငိုချင်နေတာ.."

မောင့်ကို ချစ်လွန်းလို့ပါ (ေမာင့္ကို ချစ်လွန်းလို့ပါ )Where stories live. Discover now