Chapter 2: Beneath the moonlight

258 41 8
                                    

Suggest Song - Tonight you belong to me by Patience and Prudence

နှစ်ရက်ကြာသော်.....လပြည့်ည

အီတလီလေ့လာရေးခရီးစဉ် တစ်နည်းပြောရရင် Nirvana Heights Asylum မှာတစ်ညတာအလောင်းအစားခရီးစဉ် စတင်လာခဲ့ပြီ။

Tristan ကတော့ Psychiatric ဖြစ်ချင်တဲ့အတွက် ဒီခရီးစဉ်တစ်ခုလုံးမှာသူ့ကိုအဆွဲဆောင်ဆုံးက Nirvana Heights Asylum ပဲ။ ဘာသာရေးအယုံအကြည်မရှိတဲ့ခေတ်လူငယ်ပီပီ ဘာမှလည်းအကြောက်အလန့်မရှိတာအပြင် Julian ပဲကိုယ့်ရှူးကိုယ်ပတ်ပါစေဆိုပြီး အလောင်းအစားကို သူ လက်ခံခဲ့လိုက်ခြင်းပင်။

သူ မသိလိုက်တာကတော့ Julian ကလည်းအရှုံးခံဖို့အစီအစဉ်မရှိဘူးဆိုတာပါပဲ။

အီတလီကိုရောက်တဲ့အချိန်မှာ ညနေစောင်းနေကြပြီမို့ တာဝန်ရှိဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို ညစာစားပြီးနောက် ဟိုတယ်မှာပဲ ဒီညအနားယူကာ မနက်ဖြန်မှ Nirvana Heights Asylum ကိုလေ့လာဖို့သွားမယ့်အကြောင်းမှာထားလိုက်ကြတယ်။

ဒါပေမယ့်လည်း Julian ရဲ့အခန်းထဲမှာတော့ အဖွဲ့ဝင်လေးယောက်လုံးရောက်နေပြီး သူတို့ငါးယောက်ဟာ ညအတွက် တစ်ခုခုကိုတိုင်ပင်နေကြလေရဲ့။

"Marco ငါတို့ဟိုတယ်ကနေ ညဆယ်နာရီခွဲလောက်ခိုးထွက်ရင်ရလား?"

Julian က Marco ကိုမေးလိုက်တယ်။
Marco က Italian-American ကပြားကောင်လေးဖြစ်တယ်။ သူက ကျောင်းပိတ်ရင် သူ့မိဘတွေနဲ့ အဘိုးအဘွားတွေရှိရာကိုပြန်လာလည်နေကြပေါ့၊ ဒီမြို့ဒီနေရာကိုလေ။ အဲဒါကြောင့်လည်း Nirvana Heights Asylum အကြောင်း သူကတစ်ဆင့် Julian သိထားတာ။

"အင်း! ဒါပေမယ့် Luis နဲ့ Jose ကတော့ နည်းနည်းကြိုထွက်ထားရမယ်။ မင်းတို့ ငါပြောပြထားတဲ့နေရာမှာ ဆိုက်ကယ်ကိုဖွက်ခဲ့နော်။ ဟိုဘက်ကကောင်တွေကို မင်းတို့ခရီးပန်းလို့မလိုက်လာဘူးလို့လိမ်ပြောရမှာ" လို့ Marco ကပြန်ပြောလိုက်တယ်။

"ဒါဆို Luis မင်းက ဒုတိယအထပ်မှာစောင့်ပြီး ဟိုကောင့်ကိုခြောက်နော်။ Jose မင်းကတော့ Marco ပြောတဲ့ သုံးထပ်က ကလေးအဆောင်နားမှာစောင့်နေ။ အလံဝင်ဖွက်ကြရင် Marco၊ Kira နဲ့ Chase က မင်းပုန်းနေတဲ့အဆောင်ဆီ လာဖွက်လိမ့်မယ်။

A Flickering Nightजहाँ कहानियाँ रहती हैं। अभी खोजें