Chapter 5: Who play a creepy song?

167 36 7
                                    

Suggest Song - Tonight you belong to me by Patience and Prudence

William နဲ့ Chase အချိန်စမှတ်တာနဲ့ အဆောက်အဦးထဲ ပြေးဝင်လာတဲ့ Tristan နဲ့ Julian ဟာ တစ်ဦးကဘယ်ဘက် တစ်ဦးကညာဘက် အသီးသီး လမ်းခွဲပြီး အလံရှာချင်းကို စတင်တော့တယ်။

Julian က အောက်ဆုံးထပ်က စရှာနေပေမယ့် Tristanကတော့ သုံးလွှာကိုတန်းပြီးတက်သွားရန် ပြင်လိုက်တော့တယ်။ ဘာကြောင့်လဲဆိုတော့ အလံဖွက်နေကြတုန်းက Kira ကအမှောင်ခန်းထဲရုတ်တရတ်မီးထွန်းလိုက်တာအပြင် ထိုအခန်းက မျက်နှာစာဘက်အခြမ်းတွင်ရှိနေသည့်အခန်းမို့ မျက်လုံးလျှင်တဲ့ သူကရိပ်မိသွားခဲ့တာ။

သူ့အဖွဲ့သားတွေလည်း မီးထွန်းလိုက်ရင် Julian ရိပ်မိသွားမလားစိုးရိမ်ပြီးကြည့်မိတော့ မှောင်နေသည့်အခန်းတစ်ခုနားမီးရုတ်တရတ်လင်းသွားခဲ့သော်လည်း မီးက ဆက်တိုက်ထွန်းထားကာ တစ်ခန်းပြီး တစ်ခန်းဝင်နေသည်မို့ ဘယ်အခန်းမှာဖွက်မလဲမရိပ်မိနိုင်တော့ပေ။ ထို့ကြောင့် စိတ်ထဲကနေ မိမိအဖွဲ့သားတွေကို ကြိတ်ချီးကျူးလိုက်မိခဲ့သေးသည်။

Julian တော့မသိ Tristan ကတော့ အဆောက်အဦးကြီးထဲဝင်လိုက်ရတာ အပြင်နှင့် ခြားနားထားသည့် အလွှာပါးပါးတစ်ခုထဲကို တိုးဝင်လိုက်ရသလိုလို၊ အသိုက်အမြုံ ကြီးတစ်ခုထဲဝင်လိုက်ရသလိုလို ခံစားလိုက်ရတယ်။ စိတ်မသန့်စရာအတွေးမျိုးကို ခေါင်းခါကာ ရှင်းထုတ်ပစ်လိုက်ရင်း သူအပေါ်ထပ်သို့တက်ရန် လှေကားပေါ်ခြေချစဉ်မှာပင်...

"~~~I know (I know) you belong
To somebody new
But tonight
You belong to me~~~"

လွင့်ပျံလာသော သီချင်းသံမတိုးမကျယ်က မကြောက်တတ်သော သူလိုလူကိုတောင် ကျောရိုးထဲစိမ့်တက်သွားစေနိုင်တယ်။ Prudence & Patience ဟူသည့် ကလေးမလေးနှစ်ယောက်သီဆိုထားသော Tonight You Belong to Me ဆိုသည့်သီချင်း။

"ဘယ်သူဖွင့်တာလဲ Julian များလား?" ဟုသာ သူတွေးလိုက်မိတယ်။

"~~~Although (although) we're apart
You're part of my heart
And tonight
You belong to me~~~"

"ဘာလဲဟ ကြက်သီးထစရာကောင်းအောင် ဘယ်သူလက်ယားပြီးဖွင့်ရတာလဲ? Tristan တို့အဖွဲ့က ပြန်ကြပ်တာများလား?"

တစ်ဖက်တွင်လည်း Julian တစ်ယောက် သီချင်းသံကြားရတာကိုစိတ်မချမ်းမသာဖြစ်သွားတယ်။ စာသားတွေကလည်း မနှစ်မြို့စရာပင်။ ပုံမှန်အချိန်နားထောင်ရင်တော့ ကလေးမနှစ်ယောက်အသံက ချိုသည်ဟု ခံစားနိုင်သော်လည်း ယခုလိုအချိန်တွင်တော့ ထိုသို့မဟုတ်။

A Flickering NightDonde viven las historias. Descúbrelo ahora