Chapter 7: Monster

160 37 4
                                    

Suggest Song - Tonight you belong to me by Patience and Prudence

အဆောက်အဦးကြီးရှေ့ကမြက်ခင်းတွင် ရပ်ထားသော ဆိုက်ကယ်များပေါ်ထိုင်ရင်း Marco ပြောပြသည့် အရူးထောင်ဟောင်းကြီး၏ ရာဇဝင်ကို နားထောင်ကြပြီး ခဏကြာတဲ့​နောက် စုံတွဲနှစ်တွဲမှာ ခြံဝန်းကြီးထဲလျှောက်ကြည့်ဦးမည်ဆိုကာ အသီးသီးထွက်သွားကြလေသည်။

William နဲ့ Chase ကတော့ အချိန်မှတ် တာဝန်ယူထားသူများမို့ တစ်ယောက်ယောက်အရင်ထွက်လာလျှင်မသိလိုက်မည်စိုးတာကြောင့် ဘယ်မှမသွားကြ။

"Game ပြိုင်ဆော့မလား William?"

"အင်း..ဆော့မယ်လေ၊ ဒီတိုင်းစောင့်ရတာ ပျင်းစရာကြီး"

သာမာန်အချိန်ဆို နှစ်ဖွဲ့တွေ့တာနှင့် ရန်ဆောင်နေကြပေမယ့် အခုတော့ပျင်းတာမို့ တည့်နေလေသည်။ နှစ်ယောက်သား နာရီရော ဖုန်းရော Alarm ပေးထားကာ ဂိမ်းဆော့ရင်းဘေးပတ်ဝန်းကျင်ကို မေ့သွားကြလေတော့သည်။

Marco ကအမှန်တော့ နှစ်ယောက်ထဲခွဲမထွက်လာချင်၊ လူအများနှင့်သာ Julian တို့ထွက်အလာစောင့်လိုသော်လည်း Kira ကဂျီကျသဖြင့်ထွက်လာခဲ့ခြင်းပင်။

"ဟိုဟာက ဘာအဆောင်လဲ အဲဒီအထဲသွားကြည့်ရအောင်?"

Kira ကပါးစပ်ကပြောတာထက်လူက ရေတွင်းပျက်အဆောင်ထဲအရင်ရောက်နေပြီ။

လရောင်က ခေါင်းပေါ်တည့်တည့်ကသာနေသလိုမို့ အမိုးပေါ်မှာ အပေါက်ကြီးဖြစ်နေတဲ့နေရာကနေ လရောင်ကဝင်လျက် ရေတွင်းထဲသို့ တိုက်ရိုက်ထိုးကျနေလေသည်။

"ရေတွင်းကအနက်ကြီးလား?"

Kira ကရေတွင်းထဲ ငုံ့ကြည့်ရင်းမေးလိုက်တာကြောင့် ပဲ့တင်သံတွေပြန်ထွက်လာတယ်။

"အခုကအောက်ခြေနားမှာ ရေတွေရှိနေတာပဲ၊ မနှစ်က ကိုယ်တို့ကြည့်တုန်းကရေခမ်းနေတယ် အရမ်းတော့မနက်ပါဘူး။ ကိုယ့်အကိုတောင် ရေတွင်းထဲထိဆင်းသွားသေးတယ်။"

"ဟယ်လို..လို...လို...."

"တစ်ယောက်ယောက်ရှိလား..လား...လား...."

"လျှောက်အော်မနေနဲ့လေ Kira!"

"ဘာလို့လဲ Marco ရဲ့ ကြောက်ဖို့မှမကောင်းတာ၊ အဟင်း..စိတ်လှုပ်ရှားစရာတောင်ကောင်းသေးတယ်မဟုတ်ဖူးလား?
လရောင်အောက်က... တိတ်ဆိတ်နေတဲ့နေရာမှာ... ငါတို့နှစ်ယောက်ထဲလေ"

A Flickering NightWhere stories live. Discover now