(Unicode)
"ထွက်သွား!!! "
"ဘာလို့ လူကိုတွေ့တိုင်းအမြဲတမ်း ထွက်သွားလို့ပဲပြောနေရတာလဲ ဦး!!"
ရုံးခန်းတစ်ခုရဲ့အခန်းတွင်းပိုင်းမှာ နေ့စဥ်ကြားနေကြဖြစ်တဲ့ "ထွက်သွား"ဆိုတဲ့ စကားသံနဲ့ ထိုသူကိုပြန်ပြီး မထွက်သွားနိုင်ကြောင်း အမြဲတမ်းပြောနေတဲ့ စကားသံတွေဟာ ဒီရုံးရဲ့ တေးသံသာတစ်ခုလိုဖြစ်နေပြီ
"ငါ မင်းကို ထွက်သွားလို့ပြောနေတာ Do Kyungsoo"
"ကလေးလို့~~ ကျွန်တော့နာမည်အရင်းကိုမခေါ်ပါနဲ့ အရင်လို ကလေး လို့ခေါ်တာကိုပဲ သဘောကျတယ်"
ကွဲအက်သွားတဲ့relationship တစ်ခုမှာ ဘယ်အရာကပြန်ပြီးအကောင်းပကတိပြန်ဆက်နိုင်မလဲဆိုတာ kyungsooအခုထိ သူအဖြေမသိရသေးပါ
သူ့အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးကသူ့ကိုပြန်ချစ်လာအောင် လုပ်နေမိမှာ အစကတည်းက လွယ်လွယ်ကူကူနဲ့ ချစ်ခဲ့ကြတာမှာမဟုတ်တာ
ဦးရဲ့မျက်ဝန်းတွေထဲမှာ ကျွန်တော့်ကိုချစ်နေသေးတယ်ဆိုတာကို ကျွန်တော့်နှလုံးသားကနေ တစ်ဆင့်ခံစားနေမိသည်....
"အတွင်းရေးမှူးJun သူ့ကို ကျွန်တော့မျက်စိရှေ့ကနေဆွဲခေါ်သွားပေးပါ ကျွန်တော်သူ့ကိုမမြင်ချင်ဘူး!!"
"ဆွဲခေါ်စရာမလိုပါဘူး ကျွန်တော့်ဘာသာ ကျွန်တော်သွားမယ် မနက်ဖန်ကြမှ ပြန်တွေ့ကြမယ်နော် ချစ်တယ် ဦး"
ဦးဘက်က အခုလိုနှင်ထုတ်တာတွေက နေ့တိုင်းလိိုလိုကြုံတွေနေရပေမဲ့လည်း သူ့ဘက်က ဘယ်တော့မှအပြုံးမပျက်ပဲ ဦးကို ပြုံးပြပြီးသာ နှုတ်ဆက်လေ့ရှိသည်....
ဦးကို ကျောခိုင်းလိုက်ပြီးမှ ကျလာတဲ့မျက်ရည်တစ်စက်~~ ဒီလိုပါပဲ သူအနေနဲ့ ဦးရဲ့အရှေ့မှာဆို ပြုံးပျော်ပြနေပေမဲ့ ဦး မသိနိုင်တဲ့ အမြင်ကွယ်ရာ တစ်နေရာမှာတော့ သူငိုနေတတ်သည်
ချစ်ရသူရဲ့ ဥပေက္ခာခံရတဲ့သူတွေရဲ့ ခံစားချက်ကို ခံစားဖူးသူတောင် အသည်းနစ်အောင် နာကျင်ခံစားရတာကို မြင်ဖူးကြားဖူးကြမှာပါ...
YOU ARE READING
ကျွန်တော်ရဲ့"ဦး" (Completed)
Short Storyဦးတစ်ယောက်တည်းကိုပဲ ထာဝရတစ်သက်လုံး ချစ်တယ်