အပိုင်း-၂

2.4K 193 34
                                    

(Unicode)

မှောင်မိုက်နေတဲ့ညတစ်ညမှာ သွေးသံတရဲရဲဖြစ်နေတဲ့မြင်ကွင်းတစ်ခု ဒါဟာမြင်နေကြမြင်ကွင်းတစ်ခုဆိုတဲ့အတိုင်း သွေးအိုင်ထဲမှာလဲနေတဲ့ဦးက ကျွန်တော့်ကိုပြုံးပြရင်း

"ချစ်တယ် ကလေး"

"ဟင့်အင်း!! မသေပါနဲ့....ဦး!!! ဦးရေ!! "

ချွေးသံတရွှဲရွှဲနဲ့ညတိုင်းမက်နေကြအိပ်မက်တစ်ခု ဘယ်တော့များမှ ဒီအိပ်မက်ထဲကနေရုန်းထွက်နိုင်မှာလဲ...သူကြောက်ပါသည် တကယ်လို့သာ သူရဲ့ဦး အဲ့လိုအခြေအနေမျိုးသာဖြစ်ခဲ့ရင် သူရူးသွားနိုင်လောက်တယ် အိပ်မက်ဆိုတာပြောင်းပြန်ကောက်ရတယ်ဆိုပေမဲ့လည်း ဒီလိုမျိုးအိပ်မက်မျိုးကိုတော့ တွေ့လည်းမတွေ့ချင် မြင်လည်းမမြင်ချင်ပါ ဒါဟာသူ့အတွက်တော့နိမိတ်မကောင်းတဲ့အိပ်မက်ဆိုးတစ်ခုအဖြစ်သာ...

"ကလေး~~ ဘာလို့လဲ ကလေး ကိုယ်ရှိတယ်နော် မကြောက်ပါနဲ့"

အခန်းထဲကို အမောတကောနဲ့ပြေးဝင်လာတဲ့ ဦးဟာ သူ့ကိုတွေ့တာနဲ့စိတ်ပူကာ ရင်ခွင်ထဲထည့်ပြီး မေးနေတာ တွေ့ကြရဲ့လား!! ကျွန်တော့်ရဲ့ဦးက ကျွန်တော့်ကိုချစ်သေးတယ်ဆိုတာကိုလေ....

"ဟင့်အင်း!! ဘာမှမဖြစ်ဘူး အိပ်မက်ကနေလန့်နိုးလာတာပါ အဆင်ပြေပါတယ်"

ရင်ခွင်ထဲဖက်ထားရင်း ကျောကုန်းလေးကိုတဖွဖွပွတ်ပြီးချော့သိပ်ပေးတတ်တဲ့သူက ကျွန်တော့်ဘဝမှာနှစ်ယောက်မရှိနိုင်တဲ့ ဦး!!

"အိပ်လိုက်နော် မနက်ကြရင် အဆင်ပြေသွားမှာပါ"

"ကျွန်တော်နဲ့အတူတူအိပ်ပေးပါလား ဖက်ထားပြီးတော့လေ"

ဒီကလေးကကြောက်တဲ့တစ်ချိန်ပဲ ကျန်တဲ့အချိန်ဆိုရင် ရရင်ရသလို အခွင့်အရေးကိုအရယူတတ်တဲ့ လူလည်လေးတစ်ယောက်ပဲ

"အင်း~ ကလေးနားမှာ ကိုယ်လည်းတူတူအိပ်ပါ့မယ် အခုအိပ်တော့"

"ဖက်ထားပေးဦးလေ"

အခုတောင်ရင်ခွင်ထဲထည့်ပြီးဖက်ထားပေးနေပြီကို ဘယ်လိုမျိုးထပ်ပြီးတော့ ဖက်ထားပေးရဦးမှာလဲ

"အရိုးတွေကျိုးအောင် ဖက်ထားပေးရမှာလား ကလေး"

"ကျွန်တော်နဲ့ဦး နှစ်ယောက်ကနေ တစ်ယောက်တည်းဖြစ်သွားတဲ့ထိ ဖက်ထားပေးလေ"

ကျွန်တော်ရဲ့"ဦး" (Completed)Where stories live. Discover now