နေမင်း၏အလင်းရောင်နဲ့အတူ နေရောင်ခြည်သည် အခန်းထဲသို့ တစစနဲ့တိုးဝင်ရောက်ရှိလာခဲ့သည်။
ရင်ခွင်ထဲကကလေးငယ်ကတော့ သူ့ကိုထွက်သွားမည်ဆိုးမယ့်အလားတင်းကျပ်စွာဖက်တွယ်ထားတော့သည်။
"နိုးရင်ထတော့ ကလေး အိပ်ပုတ်ကြီးမနေနဲ့"
နေမကောင်းတာကြောင့် အရင်လိုဖောင်းအိနေတဲ့ပါးဖောင်းဖောင်းလေးတွေသည် အနည်းငယ်ပိန်သွားတယ်လို့သူခံစားရမိသည်။သူရဲ့ကလေးငယ်ကို အစားတွေအများကြီးကျွေးပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်အောင် သူပြန်ပြီးစောင့်ရှောက်ရမည်။
"ဟင့်အင်း!! ကျွန်တော်မနိုးသေးဘူး"
"မနိုးသေးတဲ့သူက စကားပြောတယ်ပေါ့"
ကလေးငယ်ရဲ့နဖူးလေးကို နမ်းရှိုက်ပြီး သူစနေမိသည်။ရင်ခွင်ထဲက ကလေးငယ်ကတော့ သဘောတကျနဲ့ရယ်မောနေခဲ့သည်။
"ဦး ကျွန်တော်မထချင်သေးဘူး ဦးနားမှာ အခုလိုကပ်နေရတာကို သဘောကျတယ်"
"ကိုယ့်နားမှာပဲနေမယ်ပေါ့ ကိုယ်က ပင်လယ်ဘက်လမ်းလျှောက်ထွက်ပြီး ကော်ဖီသွားသောက်မလို့တွေးနေတာကို ကလေးက မလိုက်ချင်ဘူးလား"
ပင်လယ်ဘက်လမ်းလျှောက်ထွက်မယ်လည်းဆိုရော လှဲနေရာကနေ ချက်ချင်းထထိုင်လိုက်သည်။ပြီးတာနဲ့ သူ့မျက်နှာနားတိုးကပ်လာပြီး စကားတရစပ်ပြောကာ သူ့ရဲ့နှုတ်ခမ်းကိုလည်းနမ်းသွားလေသည်။
"လိုက်မယ်နော် လိုက်မယ် အခုသွားမယ် ထတော့ ဦး ထတော့ မောနင်း "
"ချက်ချင်းကြီးပါလားကွာ"
"ကျွန်တော် ဂဏန်းလည်းကြည့်ချင်သေးတယ်နော်"
ရေချိုးခန်းထဲကနေ အကျယ်ကြီးဂဏန်းကြည့်ချင်ကြောင်းလှမ်းအော်လာတဲ့ကလေးကြောင့် သူပြုံးမိသည်။ဒီကလေးသည် ငယ်ငယ်ကတည်းက ပင်လယ်သတ္တဝါတွေကို အရမ်းသဘောကျတတ်သည်။ထူးထူးဆန်းဆန်းအကောင်ကိုတွေ့လိုက်တာနဲ့ တစ်ယောက်တည်းပျာယာတွေခတ်ပြီး စိတ်ဝင်စားတတ်သည်။
"ပင်လယ်ဘက်ကစျေးကို ကိုယ်လိုက်ပို့မယ်လေ"
"ရက်စ်!!! အဲ့တာကြောင့် ဦးကိုအရမ်းချစ်တာ"
YOU ARE READING
ကျွန်တော်ရဲ့"ဦး" (Completed)
Short Storyဦးတစ်ယောက်တည်းကိုပဲ ထာဝရတစ်သက်လုံး ချစ်တယ်