(Unicode)
Street Bar ဆိုတဲ့barတစ်ခုရဲ့ထောင့်နေရာမှာ kyungsooငြိမ်ငြိမ်လေးတွေးရင် အရက်တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေမိတယ်...
ဦးကဘာလို့သူအပေါ်အခုလိုလုပ်ရက်ရတာလဲ...
ဦးကသူ့ကိုမချစ်တော့ဘဲ တခြားတစ်ယောက်ကိုသဘောကျနေပြီလား...
ဦးကတကယ်ပဲသူနဲ့ဝေးရာကိုထွက်သွားတော့မှာလား.." Kyungsoo~~Are you okay??"
"No,I'm not okay Smith"
Smithဆိုတာ သူရဲ့သူငယ်ချင်းတစ်ဦးဖြစ်သလို အခုသောက်နေတဲ့barရဲ့ပိုင်ရှင်လည်းဖြစ်သည်။ Americanလူမျိုးတစ်ဦးလည်းဖြစ်တာကြောင့် ခင်ခင်မင်မင်ရှိသေးသည်
"ဘယ်အရာတွေက အဆင်မပြေဖြစ်နေတာလဲ Kyungsoo"
"မသိဘူးSmith..ဘယ်အရာကနေစပြီးမှားယွင်းသွားလဲငါမသိတော့ဘူး"
ဘယ်အရာတွေကနေစတင်ပြီး အခုလိုမျိုးသူတို့နှစ်ယောက်က တဖြည်းဖြည်းနဲ့ စည်းအပြင်ဘက်ကိုရောက်သွားခဲ့ရတာလဲ မတွေးတတ်တော့ဘူး
"မင်းရဲ့ဦးက တကယ်ပဲစေ့စပ်တော့မှာလား Reasonကရော ဘာလဲkyungsoo"
ဖန်ခွက်ထဲက အရက်ပြင်းပြင်းတစ်ခွက်ကိုမေ့သောက်ပြီး သူခေါင်းခါပြမိတယ် သူလဲအဲ့ကိစ္စကိုခုထိမသိရသေးဘူးလေ
"မသိရသေးဘူးSmith အဲ့ကိစ္စအတွက် ငါလည်းစဥ်းစားနေတာ"
"ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိပေမဲ့ မြန်မြန်အဆင်ပြေပါစေလို့ ဆုတောင်းပေးနေမယ်kyungsoo"
"Thank!! Smith"
အရက်တွေကိုပဲတစ်ခွက်ပြီးတစ်ခွက်မနားပဲသောက်နေတဲ့သူငယ်ချင်းဖြစ်သူကိုSmithသနားမိတယ် အရမ်းချစ်ကြတဲ့သူတို့နှစ်ယောက်ကို ဘယ်အရာတွေကများခွဲခွာရက်တာလဲ!!
"ဟယ်လို~~jongin hyung"
"Ahh!! Hello Smith"
"kyungsooအရက်တွေသောက်ပြီးမှောက်နေလို့ လာခေါ်ပေးပါဦးhyung... ဆိုင်မှာလည်းလူတွေများနေတာကြောင့် ကျွန်တော်လိုက်ပို့ပေးလို့မရဘူး"
"ဘာ!! အရမ်းသောက်ထားတာလား!! ဘယ်နှစ်ခွက်တောင်သောက်တာလဲ ဒီကလေးအရက်မသောက်ရဘူးဆိုတာကို မသိဘူးလား!! Smith ကိုယ်လာတဲ့အချိန်ထိkyungsooနားမှာနေပေးထားပါ ကိုယ်အခုလာခဲ့မယ်"
YOU ARE READING
ကျွန်တော်ရဲ့"ဦး" (Completed)
Truyện Ngắnဦးတစ်ယောက်တည်းကိုပဲ ထာဝရတစ်သက်လုံး ချစ်တယ်