《Chapter-5》

10K 1.5K 49
                                    

Unicode

Chapter_5

ဖန်ဂိုနိုးတဲ့အချိန်မှာမွန်းလွဲပိုင်း တစ်နာရီလောက်ပင်ရှိနေပြီဖြစ်သည်။

နေရောင်ခြည်ကပြတင်းပေါက်မှ တစ်ဆင့်တိုးဝင်လာပြီးသူ့ကိုယ်ပေါ် တည့်တည့်ကျဆင်းနေသည်မှာအချိန် တော်တော်ကုန်လွန်သွားပြီဖြစ်တာ ကြောင့်အတော်လေးပူပြင်းလာသည် ကိုခံစားလာရသည်။

ဖန်ဂိုကထလိုက်သော်လည်းသူ့ခါးက နာကျင်မှုကသူ့အားပြန်လှဲချမိသွားစေ သည်။ပြီးနောက်အတော်လေးကြာကြာ ပြန်အနားယူလိုက်ပြီးမှသာသူ့နောက် ကျောနာကျင်မှုအားခက်ခက်ခဲခဲနဲ့လိုက် လျောညီထွေဖြစ်အောင်ပြင်ဆင်နိုင်ခဲ့၏။ သူထရပ်လိုက်တဲ့အခါသူ့ခြေလက်လေး ချောင်းလုံးကတောင့်တင်းပြီးထုံနေကာ နာကျင်လျက်ရှိသည်။အထူးသဖြင့်သူ့ နောက်ပေါက်နေရာလေးကရင်းနှီးနေ သောနေရာများတစ်လျှောက်မှာခါးခါး သီးသီးကိုနာကျင်နေရသည်။

တံခါးကိုဖွင့်ပြီးထွက်လိုက်တဲ့အချိန်မှာ တော့ဖန်ဂိုရဲ့မျက်နှာကချက်ချင်းကိုသေ လောက်အောင်ဖြူဆုတ်သွားရ၏။အိမ်ရဲ့ ဆန့်ကျင်ဘက်မှာကျောက်တိုင်တစ်ခုနှင့် သင်္ချိုင်းဂူတစ်ခုရှိနေသည်လေ။

အိမ်ရဲ့ဆန့်ကျင်ဘက်မှာတကယ်ကြီး သချိုင်းရှိနေတယ်!သချိုင်းထဲမှာ လူသေအလောင်းရှိနေတာလေ!

ဖန်ဂိုကတကယ်တော့အရင်ညကဖြစ် ခဲ့တဲ့အဖြစ်မှ၎င်းကိုတောင့်တင်းနေ အောင်ဖိထားတာတွေ၊အောက်ကိုတွန်း လှဲခဲ့တာတွေနဲ့အတင်းအကျပ်ဖိအားပေး ခဲ့တာတွေအပြင်အထွတ်အထိပ်ထိရောက် ခဲ့ပြီးရှက်စရာကောင်းလှတဲ့ငိုယိုခြင်းတွေ့ တောင်းပန်ခဲ့ရတာတွေနဲ့ဖိနှိပ်ထားလို့မရ ခဲ့တဲ့ညည်းတွားခဲ့မိခြင်းတွေစတဲ့ရှုပ်ထွေး လှတဲ့ပုံရိပ်များအားအကုန်အမှတ်ရနေ သည်။

ဒါ့အပြင်ထိုစုံလင်လှသောအဖြစ်များနဲ့ သူနိုးထလာတဲ့အချိန်မှာသူ့ကြွက်သား မှတ်ဉာဏ်များကသူအိမ်မက်လို့ထင်ခဲ့ တဲ့အရာကအမှန်တကယ်ဖြစ်ပျက်ခဲ့ ကြောင်းပြောပြနေသည်လေ။

တစ္စေမင်္ဂလာဆောင်ခြင်းဆိုတာ လက်မထပ်ရသေးတဲ့ကလေးတစ် ယောက်ဒါမှမဟုတ်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အရိုးနဲ့ အတူတူသဂြိုလ်ခံလိုသောအခါမျိုး မှာလုပ်ဆောင်တတ်တာဖြစ်သည်။

(Completed) Ghost MarriageDonde viven las historias. Descúbrelo ahora