《Chapter-6》

15.8K 1.6K 86
                                    

Unicode

Chapter(6)

ကျောက်တိုင်ကိုကြည့်ရင်းဖြင့် ဖန်ဂိုမှာသူ့ကျောကုန်းမှအမွှေးတွေ အကုန်လုံးထောင်သွားလိုပင် ခံစားလိုက်ရသည်။

သူထိုကျောက်တိုင်ကိုလွှင့်ပစ်လိုက် ချင်သော်လည်းသူ့ခြေလက်များက တောင့်တင်းလာသည်။

အခန်းထဲမှအပူချိန်ကလည်းရုတ်တရက် ကျဆင်းသွားပြီးမီးကလာလိုက်ပျက်လိုက် ဖြစ်လာသည်။ဖန်ဂိုကတံတွေးမျိုချလိုက် မိပြီးနောက်ကိုဆုတ်လိုက်တဲ့အချိန်တစ် စုံတစ်ခုနှင့်တိုက်မိသွားရ၏။

ရပ်တန့်။

နောက်မှာသူဘာမှမထားထားတဲ့ အတွက်သေချာပေါက်သူ့နောက်မှာ ဘာမှမရှိဘူးဆိုတာသူမှတ်မိတယ်လေ...

ရယ်သံတစ်ခုကသူ့နားဆီသို့တိုးဝင်လာခဲ့ ကာအေးစက်တဲ့အသက်ရှုမှုတစ်ခုက သူ့နောက်ဘက်လည်ပင်းနားကိုရိုက်ခတ် သွားသောကြောင့်ချက်ချင်းပင်သူ့တစ် ကိုယ်လုံးကြက်သီးထသွားတော့သည်။

သူ့နားသီးလေးကိုလည်းအရသာအရှိဆုံး စားစရာတစ်ခုကိုခံစားနေသလိုမျိုး အားနဲ့စုပ်ယူကိုက်ဆွဲလိုက်သောကြောင့် သူတော့အစားခံရတော့မယ်ဆိုတဲ့ ခံစားချက်တစ်ခုရလိုက်ပြန်သည်။

ဖန်ဂိုကကြောက်လန့်မှုကြောင့်တုန်ယင် သွားရပြီးသူ့မျက်လုံးထောင့်စွန်းများ လည်းရဲတက်လာရသည်။

သူကအရမ်းနူးညံ့၊အရမ်းသနားစရာ ကောင်းပြီးအရမ်းလည်းအနိုင်ကျင့် လို့ကောင်းနေသည်။

သူကတီးတိုးအသနားခံလိုက်ရင်း စားပွဲခုံဝိုင်းကြီးပေါ်ပြုတ်ကျသွားသည်။ သူ့အဝတ်အစားများကမြှောက်တက် လာခဲ့ကာသူ့လက်များသည်လည်း ချည်နှောင်ခံထားရသလိုဖြစ်နေ၍ သူ့ရဲ့နူးညံ့ပျော့ပျောင်းသောခန္တာကိုယ် ကတစ္စေအားကမ်းလှမ်းနေသလိုမျိုး ပေါ်ထွက်လာခဲ့၏။

ဒါကအလှပဆုံးသောမြင်ကွင်း လေးဖြစ်ပြီးတစ္စေအားအရမ်းကို စိတ်ကျေနပ်သွားစေသည်။

တစ္စေရဲ့ရတနာ၊တစ္စေရဲ့နှလုံးသားလေး၊ တစ္စေရဲ့အလိုလောဘ...

(Completed) Ghost MarriageTempat cerita menjadi hidup. Temukan sekarang