( ၁၂ ) ( Unicode )

9.3K 706 21
                                    

အိမ်နီးချင်း မမ

အပိုင်း (၁၂)

x x x x x x x x

ဘယ်ကမှန်းမသိတဲ့ သီချင်းသံရေးရေးလေးတစ်ခုကြောင့် အိမ့် မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာခဲ့သည်။ ဦးခေါင်းတစ်ခုလုံးဟာလည်း ပြင်းထန်စွာနာကျင်ကိုက်ခဲနေတာမို့ မျက်လုံးလေးကိုအသာလေးဖွင့်ကာ ကြည့်လိုက်မိတော့ အရှေ့ရှိ ကားထိုင်ခုံကြီးတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးက ကားမောင်းနေပြီး ကားကတ်စက်ကြီးမှ သီချင်းဖွင့်ထားခြင်းပင်ဖြစ်သည်။

"နေဦး... ဒီသီချင်းကို ငါကြားဖူးတယ်"

အိမ့်လည်း စိတ်ထဲမှတွေးတောရင်း ထိုသီချင်းသံလေးကိုသေချာနားထောင်ကြည့်တော့ လာနေသည့်သီချင်းက ဝိုင်ဝိုင်းရဲ့ မိုးသည်းထဲမှာ ဆိုသည့်သီချင်း။

"ဟော... ငါ့သမီးလေးတောင် နိုးလာပြီပဲ"

ရုတ်တရက် ရှေ့တွင်ကားမောင်းနေသောလူကြီးက အိမ့် ကိုစကားလှမ်းပြောသည်။ အိမ့်လည်း ထိုအသံကို ရင်းရင်းနှီးနှီးရှိပါသည်ဟုမှတ်ကာ အရှေ့တွင်တပ်ထားသော ကားမှန်မှတဆင့် ထိုလူကြီး၏မျက်နှာကို ချောင်းကြည့်လိုက်တဲ့အခါ

"ဖေဖေ..."

အံ့သြတကြီးဖြင့် ပြောလိုက်ပြီးသည့်နောက်မှာတော့ ထိုလူကြီးမှာ နောက်ကိုလှည့်ကြည့်လာသည်။

"ဘာတွေစိတ်မကောင်းဖြစ်စရာရှိလို့လဲ သမီးရဲ့..."

ထိုစကားကြားတော့ အိမ့်လည်း ရုတ်တရက် သူမမျက်လုံးများကို လက်ဖြင့်အသာအယာပွတ်လိုက်မိသည်။ ထိုအခါတွင်တော့ စိုစွတ်စွတ်မျက်ရည်စက်အချို့က သူမလက်တွင်ကပ်ပါလာခဲ့သတဲ့။

"ဘာလို့များငိုရတာလဲ ငါ့သမီးရဲ့..."

"မ ကြောင့်ပါ ဖေဖေရယ်..."

ထိုအခါ အဖေဖြစ်သူက ခေါင်းလေးတစ်ချက်ငြိမ့်ရင်း

"မ က ငါ့သမီးလေးကိုနာကျင်ရအောင် ဘာများပြောလိုက်လို့လဲကွယ်"

"ဘာမှတော့မပြောပါဘူး ဖေဖေရယ်။ ဒါပေမဲ့ မ ကို သမီးဘယ်လိုမှ နားမလည်နိုင်တော့ဘူး"

အိမ်နီးချင်း မမWo Geschichten leben. Entdecke jetzt