( ၁ ) ( Unicode )

21.2K 1K 22
                                    

အိမ်နီးချင်း မမ

အပိုင်း (၁)

x x x x x x x x

"ဒါနဲ့ ဖေဖေ မေးပါဦးမယ်။ ငါ့သမီးကျောင်းမှာရည်းစားတွေဘာတွေများ ရနေပြီလားကွဲ့"

"ဖေဖေကလည်း သမီးကခုမှ ပထမနှစ်ပဲရှိသေးတဲ့ဟာ... ဘယ်လိုလုပ်ရဦးမှာလဲလို့"

"ဒီလိုပဲ မေးကြည့်တာပါ ငါ့သမီးရယ်။ တကယ်လို့များ ကျောင်းမှာစိတ်ဝင်စားတဲ့ ကောင်လေးချောချောလေးတွေတွေ့ထားရင် ဖေဖေ့ကိုလည်းပြောပြရမယ်နော်"

"မတွေ့ပါဘူးဆို ဖေဖေကလည်း။ အဖေ့သမီးကလေ ဘယ်ကောင်လေးကိုမှ စိတ်မဝင်စားဘူး သိလား"

ပေါက်ကရမေးခွန်းတွေမေးနေသော သူမ၏အဖေအား နှုတ်ပိတ်သွားစေရန် ဆန္ဒတစ်ခုတည်းဖြင့်သာ အိမ့် ဆိုတဲ့မိန်းကလေးတစ်ဦး ယခုလိုပြောလိုက်ခြင်းဖြစ်သည်။ ပြောပြီးကာမှ စကားထဲတွင်အမှားပါသွားမှန်း သတိထားမိလိုက်ပါတော့၏။

"ဟိုလေ... သမီးပြောချင်တဲ့သဘောက... သမီးစိတ်ဝင်စားတတ်တဲ့ ကောင်လေးပုံစံမျိုး မတွေ့သေးဘူးလို့ပြောတာပါ"

ရှေ့ခန်းမှာကားမောင်းနေတဲ့ သူမ၏အဖေအား အိမ့်တစ်ယောက် အကြည့်တွေလွှဲရင်း ခေါင်းငိုက်စိုက်ချကာ နေနေမိသည်။ မိမိ၏စကားကို ဖခင်ဖြစ်သူ မရိပ်မိစေရန်လည်း စိတ်ထဲမှာဆုတောင်းနေမိတာက အမှန်ပါ။

"ဒါဆိုရင်လည်း ပြီးတာပါပဲဗျာ။ ငါ့သမီးက ကောင်လေးတွေပဲကြိုက်ကြိုက်၊ ကောင်မလေးတွေပဲကြိုက်ကြိုက် ဘာဖြစ်ဖြစ် ဖေဖေကသဘောတူပြီးသား"

ဖခင်ဖြစ်သူရဲ့စကားကြောင့် ဘာပြန်ပြောလို့ပြောရမယ်မသိတော့တဲ့ အိမ့်တစ်ယောက်။ ကြောက်ကြောက်လန့်လန့်ဖြင့် အေးစက်နေတဲ့လက်တွေကို တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်ထားလိုက်ပြီး ဒူးနှစ်လုံးကြားထဲသို့ ညှပ်ထားလိုက်သည်။ ဖခင်ဖြစ်သူ၏မျက်လုံးများကို စေ့စေ့ပင်မကြည့်ရဲတော့ဘဲ ခေါင်းကိုသာအောက်ငုံ့ရင်း ငြိမ်သက်နေမိပါတော့တယ်။ တစ်သက်နှင့်တစ်ကိုယ် ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုက ယခုအချိန်ကြမှ ပေါ်ပေါက်သွားခဲ့ပြီလား။

အိမ်နီးချင်း မမDove le storie prendono vita. Scoprilo ora