( Extra ) ( Unicode )

15.3K 801 22
                                    

အိမ်နီးချင်း မမ

(Extra)

x x x x x x x x

တရွေ့ရွေ့လိမ့်နေသော ဘီးလုံးကြီးများဖြင့် ခရီးသည်တင် bus ကားကြီးတစ်စီးပေါ်တွင်တော့ သီချင်းသံလေးတစ်ခုက ပျံ့လွင့်လို့လာခဲ့ပါသည်။

"မ မှမချစ်ရင် ဘဝပျက်သွားနိုင်တယ်။ ဟုတ်တယ်။ မ မှမချစ်ရင် ဘဝပျက်သွားနိုင်တယ်..."

ရုတ်တရက် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ထိုသီချင်းသံလေးကြောင့် လိုက်ပါလာခဲ့သောခရီးသည်များအားလုံး အသံလာရာဘက်သို့ ကြည့်လိုက်မိကြသည်။ ထို့နောက် သိလိုက်ရတာက ထိုသီချင်းသံမှာ ဖုန်း ringtone သံတစ်ခုဖြစ်ပြီး အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်ထဲမှ ထွက်ပေါ်လာခြင်းပင်ဖြစ်ပါ၏။ ထိုသူမှာတော့အခြားသူမဟုတ် အိမ့်သက်သက်သူ ဆိုတဲ့ အိမ့်ပင်ဖြစ်ပါသည်။ အိမ့်တစ်ယောက် အခြားခရီးသည်တွေက သူမကိုစိုက်ကြည့်နေတော့ ရှက်ရှက်ဖြင့် ပိုက်ဆံအိတ်ထဲမှ ဖုန်းကိုဆွဲထုတ်ကာ အလျင်အမြန်ကိုင်လိုက်ပြီး

"Hello... မေမေ"

"Hello... အလုပ်မှာလား သမီး"

"ခုသမီးအလုပ်ကဆင်းလာပါပြီ မေမေရဲ့ ကားပေါ်တောင်ရောက်နေပြီ။ ဘာပြောစရာရှိလို့လဲဟင် မေမေ..."

ဒီအချိန်ဆို ရုံးဆင်းချိန်မို့ ရန်ကုန်မြို့ရဲ့ လမ်းမများထက်ပေါ်တွင် ကားသံတွေ ဆူညံသံတွေနဲ့ ပြည့်နှက်နေကြသည့်အတွက် အိမ့် ဖုန်းကို နားတွင်တေ့ထားရင်း ဖုန်းထဲကအသံကို ကြိုးစား၍နားထောင်နေရပါသည်။

"ဘာမှမဟုတ်ပါဘူး သမီးရယ်။ မေမေ မှာစရာလေးတစ်ခုရှိလို့ပါ"

"ဟုတ် ပြောပါ မေမေ"

"နေ့လည်က သမီးတို့အိမ်ကို နဒီ လာသွားတယ်ပြောတယ်။ သမီးတို့ကိုခေါ်မရတာနဲ့ မေမေ့ဆီကိုပဲ လာသွားတယ်ကွဲ့"

"ဟုတ် ဘာကိစ္စရှိလို့တဲ့လဲ မေမေ"

"မင်္ဂလာဆောင်ဖိတ်စာ လာပေးတာတဲ့"

အိမ့် ထိုစကားကိုကြားတော့ ဘာစကားမှဆက်မပြောဘဲ ခေတ္တမျှငြိမ်သက်ကာ နှုတ်ခမ်းလေးလှုပ်ရင်း ပြုံးလိုက်မိသည်။ တစ်ချိန်တုန်းက ပုခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်သူ နဒီလည်း ယခုအချိန်မှာတော့ အိမ်ထောင်ပြုပြီး ဘဝတစ်ခုကိုပျော်ပျော်ရွှင်ရွှင်တည်ဆောက်နိုင်တော့မယ်လေ။ လူတွေဆိုတာကတော့ ဒီလိုပါပဲ။ တစ်ချိန်က သိကျွမ်းခဲ့တဲ့သူတွေအကုန် အရွယ်ရောက်လာတဲ့တစ်ချိန်မှာတော့ သူတို့ကိုယ်ပိုင်ဘဝနဲ့သူတို့ ရှေ့ဆက်ရမှာပဲမဟုတ်လား။ နဒီလည်းပဲ သူ့ရဲ့ဘဝကိုရှေ့ဆက်ပြီး ချစ်ရသူနဲ့ တစ်သက်တာပေါင်းဖက်နိုင်စေရန်အတွက်လည်း အိမ့်စိတ်ထဲမှ ဆုတောင်းနေမိတာတော့ အမှန်ပါကွယ်။

အိမ်နီးချင်း မမWhere stories live. Discover now