( ၆ ) ( Zawgyi )

4.5K 219 9
                                    

အိမ်နီးချင်း မမ

အပိုင်း (၆)

x x x x x x x

မရဲ့အကောင့်ကိုသိလာတဲ့ အိမ့်တစ်ယောက် ယနေ့ညတော့ စောစောမအိပ်သေးဘဲ အိပ်ရာပေါ်တွင်လှဲကာ ထိုအကောင့်ကိုရှာဖွေနေမိသည်။ သို့သော်လည်း အချိန်မှာ မနက် ၃ နာရီပင်ထိုးနေလေပြီ။ ခုချိန်ထိ သူ့မမရဲ့အကောင့်ကိုရှာမတွေ့သေး။ တွေ့သမျှ နွေဦးခင်အမည်ရှိ အကောင့်မှန်သမျှကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ဝင်ကြည့်သော်လည်း မ နဲ့တူတဲ့သူဆိုလို့ တစ်ဦးမျှတောင်မတွေ့ခဲ့။ မ ကသူ့ကို မသိစေချင်လို့များ တမင်တကာ အကောင့်အမှားကြီးပေးလိုက်တာလားလို့တောင် တွေးမိတဲ့အထိပါ။ သည်လိုနှင့် အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီး နောက်ဆုံးတွင်တော့ သူမမျှော်လင့်နေသည့် မ။ ရှာတွေ့ပါပြီလေ။

"တော်သေးတာပေါ့ ဒီညအိပ်မှအိပ်ရပါ့မလားလို့။ မနက်ကြရင်လည်း ကျောင်းသွားရဦးမယ်။ မနိုးရင်တော့ဒုက္ခပဲနော်"

အိမ့် ပါးစပ်မှတီးတိုးရေရွတ်ရင်း မ ရဲ့အကောင့်ထဲသို့ဝင်လိုက်သည်။ profile တွင် ကမ်းခြေကြီးတစ်ခုကိုနောက်ခံထား၍ ဦးထုပ်အနက်ရောင်လေးဆောင်း၊ အနီရောင်အင်္ကျီလက်တိုလေးနှင့် စကတ်တိုတိုလေးဝတ်ထားသော အသားဖြူဖြူ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် နှုတ်ခမ်းတွေက အလိုလိုနေရင်းထပြုံးမိသည်။ ဘာမှရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘဲ add friend ဆိုသည့်အပြာရောင် ခလုပ်လေးကိုပြေးနှိပ်မိလေရဲ့။

ထို့နောက် photo ထဲကိုဝင်လိုက်ပြီး မ ရဲ့ဓာတ်ပုံလေးတွေကို တစ်ပုံပြီးတစ်ပုံ ကြည့်နေမိသည်။ ပုံတိုင်းတွင်တော့ မ ဟာဝတ်ကောင်းစားလှများဝတ်ထားပြီး သားသားနားနားပင်ရိုက်ကူးထားတာမို့ react ပေးသူတွေဟာလည်း အလွန်များပြားလျက်ရှိပါသည်။ အိမ့်တစ်ယောက် ထိုပုံလေးတွေကို မြတ်မြတ်နိုးနိုးကြည့်ပြီးပြီဆိုတာနဲ့ ခိုးခိုး save ရတာကလည်း အမော။ အချိန်မှာလည်း ညအချိန်ကုန်လွန်၍ မိုးပင်လင်းတော့မည်ဖြစ်သော်လည်း အိမ့်ကတော့ခုထိ ပုံတွေ save ရတာအားမရသေး။ ခါတိုင်းဆို အပျင်းကြီးတတ်တဲ့ ကောင်မလေးတစ်ယောက်က ခုတော့ သူ့မမရဲ့ဓာတ်ပုံတွေကို တစ်ပုံပြီးတစ်ပုံ ခိုးခိုး save နေလေသတဲ့။

အိမ်နီးချင်း မမDonde viven las historias. Descúbrelo ahora