Part (4)

5.6K 584 18
                                    

အိပ်ငိုက်နေတဲ့ဝမ်ရှီးတစ်ယောက် 'မမ' ဆိုတဲ့အသံကြားတော့ခေါင်းထောင်မိသွားသည်။ ထိုကောင်လေးကိုကြည့်လိုက်တော့ထိုကောင်လေးကဝမ်ရှီးကိုကြည့်နေလေသည်။

ရှားစီကစကားပြောပြီးစင်အောက်ဆင်းလာကာဝမ်ရှီးရဲ့ဘေးခုံမှာဝင်ထိုင်လိုက်လေသည်။

"ကွန်ဂရက်ဂျူလေးရှင်း မောင်လေး"
"ကျေးဇူး မ မ"

ရှားစီက 'မမ'ဆိုတဲ့စကားလုံးကိုဖိပြောလိုက်တာမို့ဝမ်ရှီး လန့်တောင်လန့်ချင်သွားလေသည်။

"ဒီနှစ်အတွက်ပရိတ်သတ်တွေမဲပေးတဲ့အတွဲတွေထဲမှာ နာမည်အကြီးဆုံးနဲ့အတွဲစေချင်ဆုံးအနုပညာရှင်အတွဲကိုရွေးပေးပြီးတော့ဆုတစ်ခုရယ် မစ်ရှင်ရယ်လုပ်ခိုင်းမှာဖြစ်ပါတယ်"

"ဒီအထူးဆုအတွက်ဆန်ကာတင်သုံးတွဲရှိပါတယ်။ လုနာနဲ့ရှားစီအတွဲ မို့ရွီနဲ့ရှားစီအတွဲ လုနာနဲ့ယုရှန် အတွဲတွေပဲဖြစ်ပါတယ်"

"အထူးဆုရဲ့ပိုင်ရှင်ကတော့  လုနာနဲ့ယုရှန်အတွဲပဲဖြစ်ပါတယ်"

ရှားစီကလုနာဆိုတဲ့အသံကြားတာနဲ့သူနဲ့ပဲဆိုပြီးကော်လံတွေဘာတွေပြင်ပြီးတော့မှ ယုရှန်ဆိုတော့စိတ်ရှုပ်သွားမိလေသည်။

လုနာနဲ့ယုရှန်ကစင်ပေါ်တူတူတတ်လာပြီးဆုကိုယူလိုက်ကြလေသည်။

"ကဲ အထူးမစ်ရှင်ကဘာဖြစ်မလဲဆိုတော့ သေချာပေါက်သူတို့နှစ်ယောက်ကိုပိုနီးစပ်စေမယ့်မစ်ရှင်ဖြစ်ရမှာပေါ့"
"မစ်ရှင်မစခင်ဂိမ်းလေးတစ်ခုလောက်ကစားရအောင်"

သူကပြောပြီးတာနဲ့ဝန်ထမ်းနှစ်ယောက်ကဝှိုက်ဘုတ်ပြားနှစ်ခုနဲ့ခုံနှစ်ခုံကိုယူလာလေသည်။ ထိုခုံနှစ်ခုံကအရောက်မတူပေ။

"မစ်စ်လုနာကခုံအဖြူမှာထိုင်ပေးပါ။ မစ်စတာယုရှန်ကတော့ခုံအမဲမှာထိုင်ပေးပါ။ ကဲသေချာစဉ်းစားကြည့်ကြဗျာ။ အချစ်ရေးတစ်ခုမှာလူနှစ်ယောက်ထဲဆိုဘယ်ပျော်ဖို့ကောင်းပါ့မလဲ"

ပြောရင်းဆိုရင်းဝန်ထမ်းတစ်ယောက်ကနောက်တစ်ခုံနဲ့နောက်ဝှိုက်ဘုတ်ပြားတစ်ခုကိုယူလာပြန်လေသည်။

Villain Girl (Arc-2)Where stories live. Discover now