Part (10)

4.1K 417 8
                                    

ဝမ်ရှီးကကားတွေကိုစက္ကူကပ်တဲ့နေရာမှာလိုက်ကူညီပြီး လက်နက်တွေစစ်ကာအကုန်လိုက်စစ်ဆေးနေလေသည်။ ထို့နောက်ဝမ်ရှီးရေချိုးခန်းထဲသွားကာဗိုက်ကဓားဒဏ်ရာကို အုပ်ထားတဲ့ပလာစတာကိုဖြည်လိုက်လေသည်။

ပလာစတာကိုဖြည်လိုက်တော့ချုပ်ရိုးမဖြည်ထားတဲ့အနာကြီးကပေါ်ထွက်လာပြီး တော်တော်ရုပ်ဆိုးနေလေသည်။

ဝမ်ရှီးကဘေးကပေနေတဲ့သွေးတစ်ချို့ကိုသုတ်လိုက်ပြီး အရက်ပြန်နဲ့ထိလိုက်တော့ စပ်သွားကာအာ့ခနဲအော်လိုက်မိသည်။

"မမ ဘာဖြစ်တာလဲ"

ရှားစီကထိုအသံတိုးတိုးလေးကိုကြားလိုက်ပုံဖြင့်ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်လေတော့သည်။ ကံကောင်းသည်ကဝမ်ရှီးကအဝတ်ကိုမချွတ်ပဲအပေါ်လှန်တင်ကာ ဆေးထည့်နေခြင်းပင်။

ရှားစီကသက်ပြင်းတစ်ချက်ချလိုက်ကာရေချိုးခန်းထဲဝင်လာပြီး ဝမ်ရှီးကိုချိုင်းကနေမြှောက်ကာချီလိုက်ပြီးဘေစင်ဘောင်ပေါ်တင်လိုက်လေသည်။

ထို့နောက်ရှားစီကအရက်ပြန်တို့ထားတဲ့ဝါဂွမ်းကိုယူကာအနာပေါ်တို့ထိလိုက်လေသည်။ ဝမ်ရှီးကအော်မိမှာစိုးလို့နှုတ်ခမ်းကိုကိုက်ထားကာ အောင့်ခံထားလေသည်။

ရှားစီကအရက်ပြန်နဲ့သန့်ရှင်းရေးလုပ်ပြီးတော့ဆေးထည့်ပေးကာ အပေါ်ကနေဝါဂွမ်းကိုအပြားလုပ်ပြီးကပ်ကာ အပေါ်ကတိပ်တင်ပေးလိုက်လေသည်။

ရှားစီကဆေးထည့်တာပါအကုန်အပြီးလုပ်ပြီးတော်ဗိုက်ပေါ်လိပ်တင်ထားတဲ့ အဝတ်လေးကိုအောက်ဆွဲချလိုက်ပြီးဝမ်ရှီးကိုကြည့်ကာ

"မမ"
"ဟင်?"

"ကျနော်အခုမမကိုနမ်းလိုက်ရင်မမစိတ်ဆိုးမှာလားဟင်"

ဝမ်ရှီးကကြောင်အကာကြည့်နေမိပြီးရှက်ရမ်းရမ်းကာဘေစင်ပေါ်ကဆင်းလိုက်ကာ ရေချိုးခန်းအပြင်ထွက်သွားဖို့လုပ်တော့ရှားစီကလက်ကိုဆောင့်ဆွဲလိုက်လေသည်။

ရှားစီရဲ့အားနဲ့ဆောင့်ဆွဲလိုက်သောကြောင့်ပါလာတဲ့ကိုယ်လုံးသေးသေးလေး။

ရှားစီကထိုပိစိလေးရဲ့ပါးကိုကိုင်လိုက်ကာဝမ်ရှီးရဲ့နှုတ်ခမ်းတွေကိုထိကပ်လိုက်လေသည်။ ဝမ်ရှီးကကြောင်နေမိသောကြောင့်မျက်လုံးဖွင့်လျက်သားပင်ဖြစ်နေသည်။

Villain Girl (Arc-2)Onde histórias criam vida. Descubra agora